7

558 29 14
                                    

" What The Fuck Bro ...."

ခပ်ဖွေးဖွေး သပတ်ကို အောက်ပိုင်းလုံရုံလောက်သာဖုံးပြီး ရေချိုးခန်းထဲမှ ထွက်လာသည့် ကောင်လေးတစ်ယောက်ရဲ့ အော်သံတွင် ရုတ်တရက်မို့လန့်ဖြန့်နေမှုများလည်း ရောယှက်နေသည်။

Lyric တို့ အဆောင်၏ ဝန်ရံတာသည် တစ်ခန်းနဲ့ တစ်ခန်းကပ်လျက်သား အနေအထားဖြစ်သည်။ နောက်ပြီး ဝန်ရံတာကို ထွက်တဲ့ တံခါးကလည်း ဖောက်ထွင်းမြင်နေရသည့် အကြည်ရောင် မှန်ချပ်ဖြင့်ကာရံထားသည်။ ၄င်ကို လိုက်ကာဖြင့် ထပ်မံကာထားသည့် အနေအထားပင်။

ညလည်းနက်နေပြီမို့ နေမထိုးတော့သဖြင့် Lyric လိုက်ကာကို ကြိုးနဲ့ပြန်ချည်ကာ ဟာလာဟင်းလင်းဖွင့်ထားသလို အကြည်ရောင်မှန်ချပ်တံခါးကိုလည်း လေဝင်လေထွက်ကောင်းအောင် လုံးလုံးဝဝကြီးဖွင့်ထားခြင်းပင်။

Lyric ရေစိုစိုနဲ့ ဝန်ရံတာဖက်ထွက်လာတော့ တစ်ဖက်ဝန်ရံတာကနေ ကျော်ကာခွနေတဲ့ အာခီကို ကိုးယို့ကားယားကြီးမြင်လိုက်ရသည်မို့ လန့်အော်မိခြင်းဖြစ်သည်။

" ခင်ဗျား အရူးကောင်ကြီး ဘာလာတာလဲ "

" ကိုယ်တံခါးခေါက်နေတာ မဖွင့်ပေးလို့ ဝန်ရံတာကနေကျော်တက်လာတာ '"

စကားပြောနေရင်းနဲ့ ခွင့်လည်းမတောင်းဘဲ အခန်းထဲ စီးနင်းဝင်ရောက်ပြန်သည်။

" ဒါ ပိုင်နက်ကျူးလွန်မှုနော် ... ခင်ဗျားကို တရားစွဲလို့ရတယ် "

သပတ်ကို မကျွတ်ကျအောင် ဂရုတစိုက်မကိုင်ထားရင်းသူ ဟောက်လိုက်သည်။ သို့ပေမယ့်လည်း အကြောင်း မထူး။

" ဟုတ်ပါပြီ စွဲလိုက်ပါ ..."

ခြေလှမ်းကြဲကြဲကြီးများဖြင့် အနားခပ်သွက်သွက်တိုးကပ်လာကာ ခါးကျဉ်းကျဉ်းလေးကို ဆွဲယူပြီး ခန္ဓာကိုယ်အေးစိမ့်စိမ့်လေးအား ရင်ခွင်ထဲ နေရာပေးပစ်သည်။

" ရွှတ် ...."

ပါးကိုတယုတယ နမ်းဖို့တော့ သူမမေ့။

" နမ်းဖို့ ဒီအထိရောက်လာတာလား "

" ကိုယ်ကနမ်းချင်ပါတယ် ကိုယ့်ဆီလာပါဦးလို့ ခေါ်ရင် မင်း က လာမှာမို့လို့လား။ ကိုယ်ပဲရောက်အောင်လာရတာပေါ့ "

Lyric Of My Heart Beat || U+ZWhere stories live. Discover now