23

101 3 1
                                    

Zan Bar ၏ ထုံးစံအတိုင်းပင် ညသန်ခေါင်ကျော်လာလေလေ Bar အထဲ၌ လူစုံလာလေလေဖြစ်သည်။ Article Music Band သည်လည်း ည သန်ခေါင်ကျော်မှ သာ ဖျော်ဖြေတတ်သည်မို့ အားလုံးသည် ထို Music Ban ၏ ဖျော်ဖြေမှုအား အားပေးရန်စောင့်ဆိုင်းနေကြသည်။

“ပေါင်းစည်းလို့ မရတော့တဲ့
အခြေအနေတွေကြောင့်
ချစ်လျက်နဲ့ ခွဲခွာခဲ့ရပေမဲ့ ငါ့ရင်ထဲမှာ
နင် အမြဲတမ်းရှိနေမှာပါဟာ”

အဖွဲ့၏တစ်ဦးတည်းသော အမျိုးသမီးတေးသံရှင်၏ ဖျော်ဖြေမှုနှင့် အဆုံးသတ်သော ည တစ်ည။

“အချစ်ရဲ့ တန်ဖိုးလည်း
ဘယ်လို သတ်မှတ်ထားတာလဲ
ကိုယ်တိုင် နားလည်ထားတဲ့
အချစ်နဲ့ လက်တွေ့ဘဝဟာ တခြားစီ

“အသိုင်းအဝိုင်းတွေ ကြားထဲ
မတူညီတဲ့ အချိုးအကွေ့တွေထဲ
တကယ်ဆို အချစ်ဟာ ဘာလဲ
သက်ရောက်မှု မရှိဘဲ”

Lyric သည် Drum ကို သံစဉ်လိုက်၍ တီးခတ်နေရသော်လည်း သူ့အတွေးတို့သည်ကား သီချင်းစာသားများထံ ကပ်ငြိနေသည်။

အချစ်ဟူသည့် စိတ္တဇနာမ်အား ဘယ်သူက ဘယ်လို တန်ဖိုးတွေသတ်မှတ်ထားသည်ဟု သူ တွေး၍မရ။

Lyric ကိုယ်တိုင် သတ်မှတ်ပြီး နားလည်ထားလိုက်မိသည့် အချစ်သည် လက်တွေ့သတ်မှတ်ထားကြသည့် အချစ်နှင့် ကွာခြားနေသည်ကိုကား သူ သေသေချာချာ သိနှင့်နေသည်။

အာခီ့ မိသာစု ၊အသိုင်းအဝိုင်း ၊အနေအထား၊ သူ့မိသားစု သူ့အနေအထား၊ လက်ညှိုးထားပြစရာမရှိတဲ့ သူ့အသိုင်းအဝိုင်း၊ အာခီနှင့် ကွာခြားလွန်းသည့် မိသားစုဝင်ငွေနှင့်စီးပွားရေး။ သူတွေးရင်းနဲ့ပင် အသက်ရှူကြပ်ရသည်။

သူသည် အာခီနှင့် နည်းနည်းလေးမျှ မယှဉ်နိုင်သည့် အနေအထား၌ တကိုယ်တည်းရပ်နေရသည်မို့ အာခီ့မိသားစု၏ ငြင်းဆန်မှုအား ခံနိုင်ရည်ရှိချင်သည်။

ယုံကြည် နားလည်မှု
အပြန်အလှန် ပေးထားခဲ့ပြီးမှ
ဘာလို့ ဝေးဖို့အကြောင်းတွေ မပြောပါနဲ့ကွာ
အစက ကြိုသိထား

Lyric Of My Heart Beat || U+ZDove le storie prendono vita. Scoprilo ora