24

93 4 0
                                    

“ အဖွားနဲ့ မေမေ ကျွန်တော့် Passport ကို ဝှက်ထားတယ်ဆိုတာ ကျွန်တော်သိတယ်နော်။ ကျွန်တော့်ကိုပြန်ပေးပါ ”

ဧည့်ခန်းထဲ ပုတီးစိတ်နေသည့် အဖွားဖြစ်သူနှင့် ဖုန်းထိုင်ကြည့်နေသည့် အမေ ဖြစ်သူအား အာခီ မျက်နှာသေနှင့်ပြောလိုက်သည်။

“ ဘာကိစ္စရှိလို့တောင်းနေတာလဲ ”

“ ကျွန်တော် Lyric နဲ့ ထိုင်းကို အလည်လိုက်သွားမလို့။ လေယာဉ်လက်မှတ်လည်းဝယ်ပြီးပြီ။ အားလုံးလည်းစီစဉ်ပြီးပြီ။ ကျွန်တော့် Passport ပေးပါ”

အဖွားကတော့ ဘာတစ်ခွန်းမှ မပြော။ ငြိမ်ငြိမ်ကလေးသာ ထိုင်နေသည်။ သုန်သုန်မှုန်မှုန်ဖြစ်နေသည့် သူ့မျက်နှာထားအား အမေဖြစ်သူကလည်း သဘောကျဟန်မပေါ်။ မျက်ခုံးကိုတွန့်ချိုးကာ ‌ပြန်ကြည့်သည်။

“ နင့် Passport ငါဘယ်သိမလဲ လူကြီးကိုလူကြီးမှန်းသိသေးရဲ့လား။ ယဉ်ကျေးမှု မခေါင်းပါးနဲ့ အာခီ ”

“ ကျွန်တော် မနေ့ကတည်းက ယူဖို့ မေ့ကျန်ခဲ့တာ။ အရင်နေ့က ကျွန်တော့် အိပ်ခန်းထဲက စားပွဲ အံဆွဲ‌ထဲမှာ ရှိသေးတယ်။ ဒီနေ့မှပျောက်သွားတာ။ မေမေနဲ့ အဖွား မဟုတ်ရင် ဘယ်သူရှိရဦးမှာလဲ ”

“လေသံကို ပြင်ပြောလိုက်စမ်း။ နင်အခု ငါနဲ့အမေ့ကိုလာစွပ်စွဲနေတာလား ”

“ မပြင်နိုင်ဘူး မေမေ ... ကျွန်တော့်ကိုဘာလို့စိတ်ဒုက္ခပေးနေကြတာလဲ ”

အမေသည် သူ့လက်ထဲကိုင်ထားသည့် ဖုန်းနှင့် အာခီအား လှမ်းကာ ပစ်ပေါက်လိုက်သဖြင့် နဖူးတည့်တည့်အား ထိမှန်သွားရလေသည်။

“ ကိုကို ..”

ဟာရူကီသည် အကိုဖြစ်သူအား လှမ်းဆွဲကာ နဖူးပေါ်ဝေ့၍ ကျနေသည့် ဆံပင်များအား သပ်တင်၍ ဖုန်းဖြင့်ထိမှန်သွားသော နေရာသို့ ဂရုတစိုက်နှင့် ကြည့်ပေးလေသည်။

“ ကိုကို ဘာမှမဖြစ်ဘူး ဟာရူကီ ”

“ ကိုကို သွေးတွေထွက်လာပြီ။ နဖူးပေါက်သွားတာထင်တယ်”

တစက်ချင်း စီးကာ စိမ့်ထွက်နေသော သွေးစက်များအား အာခီဂရုမစိုက်အား။

Lyric Of My Heart Beat || U+ZWhere stories live. Discover now