8

570 30 19
                                    

" လီး ခင်ဗျား ထွက်သွားစမ်း "

နမ်းနေရင်းနဲ့မှ ဘာစိတ်ကူးပေါက်ပြီး Lyric ထ အော်လိုက်သလဲဆိုတာ အာခီ မသိ။ Lyric သည် အာခီ အား သန်သန်မာမာလက်ကြီး နဲ့ ပင် အတင်းတွန်းထုတ်ပစ်သည်။

" ခုနက နမ်းနေတုန်းကတော့ သူမဟုတ်တာကျနေတာပဲ "

တစ်ချက်တစ်ချက် အာခီ့ ထောင်ချောက်ထဲ Lyric ကျွံဝင်မိခြင်းပင်။ အမှန်ဆို သူလည်း ဒီလိုပုံစံမျိုးနဲ့ အာခီ ချယ်လှယ်သမျှ ကို မနစ်မွန်းချင်ပေ။ မသိစိတ်ရဲ့လွှမ်းမိုးမှုအနောက်ကို ခြေလှမ်းတွေ ခိုကပ်ရင်း စီးမျောသွာမိခြင်းပင်။

" သွား သွား ...."

နောက်ကျောဖက်ကို ဆွဲလှည့် ပစ်လိုက်ပြီး အာခီ့ ဖင်ကို ခြေတောက်နဲ့ ဆောင့်ကန်ပစ်သည်။

ရေတွေနဲ့ ချော်လဲ မလိုဖြစ်သွားသူကတော့ ဖင်ပြောင်နဲ့ ရေချိုး ခန်းအပြင်ဖက်ကိုရောက်သွားရသည်။

ဂွေးတန်းလန်းနဲ့ မှောက်လျက်ကလေး လဲကျသွားပုံလေးကတော့ သနားစရာပင်။

" ရော့ သပတ် "

ရေချိုးခန်းကြမ်းပြင်ပေါ်ကို ပုံကာ ‌ကျနေတဲ့ သပတ်ကို Lyric ကောက်ကိုင်ပြီး အာခီ့ထံ လှမ်းပစ်ပေးသည်။

" အာ ကိုယ်ချိုးလို့မပြီးသေးဘူးလေ ကွာ "

" ဂျိမ်း ..."

ပြီးပြီး မပြီးပြီး သူ ဂရုမစိုက်။ ရေချိုးခန်းတံခါးကို ဂျိမ်း ခနဲမြည်အောင်သာ ပိတ်ပစ်သည်။

Lyric က

" တစ်ခွန်းဆို တစ်ခွန်း "

ဆိုတဲ့ လူစားမျိုးထဲမှာပါသည်။

သူ့‌ဆုံးဖြတ်ချက်ကို ပြန်ပြင်တတ်တဲ့ လူစားမျိုးမဟုတ်ဘူးဆိုတာ အာခီ သိပြီးသား မို့ Lyric ရဲ့ နှင်ကာထုတ်မှုတွေအောက်မှာ မလှုပ်မရှက်လေးပင် ငြိမ်သက်သွားရသည်။ သို့ဖြစ်၍လည်း အာခီ သည် အတူရေချိုးဖို့ ထပ်မတောင်းဆိုတော့ခြင်းပင်။

မိနစ်အနည်းငယ်ခန့်ကြာတော့ ‌ခန္ဓာကိုယ်အောက်ပိုင်းမှာ သပတ်တစ်ထည်ပတ်ပြီး ရေချိုးခန်းအတွင်းမှ Lyric ထွက်လာသည်။

Lyric ရဲ့ နှေးတိနှေး‌တုံ့ ခြေလှမ်းများက ဧည့်ခန်းဆိုဖာထက်၌ ရေစိုစို သပတ်တစ်ထည်ပတ်ပြီး အခန့်သားထိုင်နေတဲ့ အာခီ့ ကို မြင်တော့ စက္ကန့်ပိုင်းလောက်ကလေး ရပ်တန့်သွားရသည်။

Lyric Of My Heart Beat || U+ZWhere stories live. Discover now