14

122 4 2
                                    

"မျက်ဝန်းများနဲ့ သူရယ်ကိုယ်ဆုံတွေ့တဲ့ခဏ
မျက်ဝန်းများထဲ အချစ်ကိုတွေ့ရှိခဲ့ကြ
လောကကြီးနဲ့ အဆက်ပြတ်ကာ
လေဟာနယ်ထဲ မိုးသားများအဖြစ်
တို့နှစ်ဦးမျောလွင့်သွားကြ
နှလုံးသားထဲ ထိန်းချုပ်မရ
ပြေးထွက်မရ အချစ်ရဲ့ဆွဲအား
ထူးဆန်းတဲ့ တန်ခိုးများက
တို့ကို ခေါ်ဆောင်သွားကြ"

ဧည့်ခန်းထဲ အာခီတစ်ယောက် Lyric ရဲ့ ဂီတာအား ဆိုဖာပေါ်ထိုင်ကာ ကြိုးညှိနေရင်း ထိုသို့ညည်းဆိုသည်။

ကျောင်းပိတ်ရက်ဖြစ်သဖြင့် နှစ်ယောက်သား အိမ်တွင်းအောင်းလျက်။ ဒူးပေါ်ရောက်နေသည့် JJ ဘောင်းဘီတစ်ထည်စီဖြင့် မြန်မာနိုင်ငံရဲ့ နွေရာသီအားအံတုနေကြသည်။

စာလုပ်နေဟန်ပြင်နေသော Lyric သည် ယခုအချိန်၌ကား တစ်ခုခုအားစိတ်ပါလက်ပါနှင့်‌ ခေါင်းငုံ့၍ရေးခြစ်နေသည်။ ထို့နောက် ချက်ချင်းပင်ခေါင်းကလေးထောင်ကာ သူ့အမြင့်၌ထိုင်နေသည့် အာခီအား မော်ကြည့်၍

" မြန်မာသီချင်းလား " ဟု သံသယဝင်ကာမေးသည်။

" မဟုတ်ဘူး ဂျပန်သီချင်း ဟားဟား"

ခွီခနဲ ရယ်ကာဖြေလိုက်သည်ကို Lyric သဘောမကျ။

အာခီသည်ကား တဟားဟားနှင့်ကျေနပ်လျက်။

" ဘာရယ်တာလဲ "

" မြန်မာသီချင်းပေါ့
ကိုယ်ကဘယ်သီချင်းဆိုရဦးမှာလဲ "

ထိုအဖြေကြောင့် Lyric သည် အာခီ့ခြေသလုံးအား ဘောပင်နှင့်လှမ်းကာခြစ်လိုက်သည်။

မျက်စောင်းနာနာထိုးလိုက်သည့်အပြင် လက်သီးလက်မောင်းတန်းကာဖြင့် ထိုးရန်ရွယ်ပြသေးသည်။

အာခီကတော့ Lyric အပြုအမူတိုင်းအား သဘောတကျနှင့် ပြုံးရုံသာပြုံးလျက်။

" ရွတ် "

ဆိုဖာပေါ်ထိုင်နေရင်းမှသည်ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်ထိုင်‌နေသည့် ကောင်ငယ်လေး၏ပါးပြင်ဖွေးဖွေးအား တစ်ချက်နမ်းလိုက်သည်။

Lyric Of My Heart Beat || U+ZWhere stories live. Discover now