5

608 30 16
                                    

" ခင်ဗျား တမင်လုပ်တာမလား "

Lyric ရဲ့ ခပ်စူးစူးထွက်လာတဲ့ အသံကြောင့် ဆိုင်ထဲ ထိုင်နေသူများ ပင် အသံလာရာဖက်သို့လှည့်ကြည့်ကုန်ကြသည်။

အကြောင်းကား coffee ပူပူကို ကိုင်ကာ ဆိုင်ထဲမှထွက်လာတဲ့ Lyric သည် ဆိုင်ထဲဝင်လာတဲ့ အာခီနဲ့ ဝင်တိုက်မိပြီး coffee ခွက်ပြုတ်ကျသွားခြင်းကြောင့်ပင်ဖြစ်သည်။

" အဆင်ပြေရဲ့လား "

အာခီသည် သူ့ရဲ့ ရှပ်အင်္ကျီ အဖြူတွင် ကော်ဖီပူပူများ ပေစွန်း‌သွားသော်လည်း ကောင်ငယ်လေး ကို တော့ ထိုသို့ စိုးရိမ်တကြီးနဲ့ မေးလာသည်။

ကောင်ငယ်လေးကတော့ သူ့မေးခွန်းကို အရေးမစိုက်။ ဒေါသ ရိပ်များက မျက်ဝန်းဝိုင်းဝိုင်းတွင်ထင်းခနဲ ပေါ်လျက်သား။

" ပြဿနာတော်တော်ရှာနိုင်တယ်နော် ခင်ဗျား ..."

လက်သီးက အဆင်သင့်ပင်။

သူထိုးရန်ပြင်လိုက်တော့

" ခဏ ...‌အပူလောင်သွားတယ်မလား "

ဆိုပြီး coffee ပူပူကြောင့် နီမြန်းသွားတဲ့ ကောင်ကလေးရဲ့ လက်ကို ခပ်တင်းတင်းလေးဆုပ်ကိုင်ကာ မေးသည်။

" ကန်းနေလား "

" လာ ..."

အတင်းဆွဲခေါ်တာမျိုး မဟုတ်ပေမယ့်လည်း မလိုက်မနေရ ပုံစံ မျိုး နဲ့ ဆွဲယူသွားခြင်းဖြစ်သည်။

" လွှတ် .. ခင်ဗျား အမြဲတမ်း အတင်းလုပ်တယ် "

Lyric ခြေလှမ်း များကတော့ အာခီ အနောက်မှာ ကပ်ကာ ပါသွားရသည်။

အာခီရဲ့ ပြိုင်ကား အနက်ရောင်လေးက ‌ဆိုင်ရှေ့မှာ ရပ်ထားသဖြင့် သိပ်ပင်ဆွဲ မခေါ်လိုက်ရ။

ကားတံခါးကို ဆွဲဖွင့်ကာ လက်နုနုအား တစ်ရှူးဖြင့် သုတ်ပေးပြီးနောက် ကားထဲ အဆင်သင့်ရှိနေတဲ့ လိမ်းဆေးဖြင့် လိမ်းပေးရန်ပြင်သည်။

" ကိုယ့်ဟာကိုယ်လုပ်မယ် "

" ကိုယ်လုပ်ပေးမယ် "

" လိမ်းတတ်တယ် "

Lyric လည်း အာခီလက်ထဲ နစ်မြုပ်နေတဲ့ သူ့လက်ကို ပြန်ဆွဲထုတ်သည်။ သို့သော်လည်း အာခီက မလွှတ်ပေး။

Lyric Of My Heart Beat || U+ZWhere stories live. Discover now