9

472 31 13
                                    

" ဒေါက် ဒေါက် ဒေါက် "

တံခါးခေါက်သံကြောင့် ဂီတာပိုက်ရင်း သီချင်းညည်းနေသူရော သီချင်းညည်းနေတဲ့ ထိုကောင်လေးကို ငေးငိုင်နေမိတဲ့ ကောင်ငယ်လေးရော အသံလာရာဖက်ကို လှည့်ကြည့်ကြမိသည်။

" OK လာတာထင်တယ် "

Lyric ရဲ့ မျက်နှာထားအကျအနသည် အသည်းခိုက်အောင် မြတ်နိုးချင်စရာအတိပင်။ အာခီ ‌ကြမ်းပြင်ပေါ်ထိုင်နေရင်း မော်ကာငေးမိပြန်တော့ အသက်ရှူမှားလောက်မိတော့မည့်အလား။

သူ့ရင်ဖတ်ကို သူဖိရင်း ခုန်ပေါက်နေတဲ့ နှလုံးအစုံကိုထိန်းကျောင်းရသည်။ သို့ပေမယ့်လည်း သူ့စကားကိုထို‌နှလုံးသားက နည်းနည်းလေးမှ မမှု။

နှောင့်ကာနှေးမနေဘဲ ထိုင်ရာကနေ ချက်ချင်းထသွားကာ သူငယ်ချင်းဖြစ်သူ OK အား Lyric တံခါးသွားဖွင့်ပေးသည်။

" စောစောလာမလို့ပဲ မိုးတွေရွာနေလို့ "

မိုးရေကြောင့် စိုရွှဲနေတဲ့ သူ့ဆံပင်တွေကို အရှေ့အနောက်ဘယ်ညာ ပွတ်သတ်ပြီး ထိုးဖွာရင်း OK ညည်းညူပြသည်။

ခန္ဓာကိုယ်ပေါ်က မိုးရေတို့ကိုလည်း ခါသပ်ကာ အခန်းတံခါး အရှေ့၌ OK တစ်ယောက် အလုပ်ရှုပ်နေဟန်ပင်။

" ‌ငါရေတောင်မချိုးရသေးဘူး "

ထိုင်းကောင်လေးရဲ့ အသံ ဝဲဝဲက နာခံချင်စရာ ပြည့်နေတဲ့ ယောက်ျားဆန်မှုတွေ ခိုးအောင်းလျက်သား။

ကျောင်းဝတ်စုံရဲ့ ခန်းနားမှုသည် တောင့်တောင့်ဖြောင့်ဖြောင့် သူ့ခန္ဓာကိုယ်ကို ထည်ဝါစေဖို့ အမိန့်အာဏာကို ခေါင်းငုံ့ထားရသည်။

နောက်ကျောပြင်ကျယ်ကျယ်အား အာခီငေးငိုင်ရင်း တွေဝေမိသည်။

အာခီသည် Lyric ရဲ့နောက်ကျောပြင်လေးမှာ သူ့နာမည်ကို ရေးထိုးချင်နေပုံပင်။

သို့မှသာ Lyric သည် အာခီ့အပိုင်ဖြစ်လာမည် မဟုတ်ပါလား။

ဖိနပ်ချွတ်ပြီး အခန်းထဲ ဝင် လာတဲ့ OK က ဧည့်ခန်းထဲ ထိုင်နေတဲ့ အာခီ့ကို မြင်ပုံမရ။

" ဟ ရေသွား‌ချိုးလေကွာ ဒီည Bar သွားရမှာလေ "

ဆံပင်စိုစိုတို့အား ထိုးဖွာရင်း အခန်းထဲ ဝင်လာ‌တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် OK ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။

Lyric Of My Heart Beat || U+ZWhere stories live. Discover now