╬ - 4

130 12 23
                                    

YJ PoV"

အစထဲက ကြိုတင် စကာတင်ရွေးပြီး လေ့ကျင့်ထားတာက 5 ယောက်ထဲပါဆို တစ်ယောက်က အခုမကစားနိုင်တော့ အခက်ကြုံနေရပြီ။ အခုချိန် ဒေါသထွက်နေလို့လဲ ပြဿနာက ပြီးမှာ မဟုတ်သေးဘူး။ နည်းပြလဲ ကြံရာမရဖြစ်နေပြီး ကျွန်တော်တို့လဲ ဘာလုပ်ရမှန်း စဉ်းစားမရဖြစ်နေကြတယ်။
တကယ် အကျင့်ယုတ်တဲ့ လူညစ်တွေပဲ။နှစ်တိုင်း တစ်ကျောင်းထဲသားချင်းကို ဖေးမရမဲ့အစား လုပ်နေတဲ့ ပုံစံတွေက စိတ်ပျက်စရာပဲ။ ပြီးကျ တခြားကျောင်းတွေကို နိုင်လာတာလဲမဟုတ် အလကား နာမည်လိုချင်နေတာ။
ဒီနှစ်တော့ ကျိန်းသေပေါက် နိုင်မှ ဖြစ်မှာ ကိုယ်စားပြုအဖြစ် အရွေးခံပြီး တခြားကျောင်းကို အနိုင်ယူပြဖို့ တွေးထားပြီးသား အဲ့တာမှ သူတို့နောက်ဒီလိုအချိုးမျိုး မချိုးရဲကြမှာ။ အခုတော့ကွာ...

ထိုစဉ် ကျနော်တို့အသင်းနားနေတဲ့နေရာကို ပြေးလာနေတဲ့သူတစ်ယောက်
ဟင် ချာတိတ်!

"Hyung !! ဟိုအစောက ကျောနံပါတ် 05 နေရာ ကျနော်ဝင်မယ်"

"ဟင်?" "ဟေ!"??

နည်းပြက "ကောင်လေး မင်းက ကစားဘူးလို့လား ဒါအပျော်ဆော့နေတာမဟုတ်ဘူးနော်"

"ကောင်းကောင်းကစားနိုင်ပါတယ်"

ယုံကြည်မှုအပြည့်နဲ့ပြောနေတော့ အနားကပ်ပြီး မေးလိုက်တယ်
" ချာတိတ် သေချာလား"

"အင်း သေချာတယ်"

"ဒါဆို နည်းပြ သူ့ကို အစောကတစ်ယောက်နေရာ ခဏ လူစားထိုးပြီး ဆော့လိုက်ရအောင် "

"သေချာလား YeonJun"

"ဟုတ် သေချာပါတယ် ကျနော်တာဝန်ယူတယ်"

"ကောင်းပြီလေ ဒါဆို အဝတ်အစားလဲလိုက်တော့"

"ရေးး~~"လိုချင်တာရလို့ ပျော်ရွင်ခုန်ပေါက်နေတာကို တွေ့ရတော့ အလိုလိုကျနော်ပါ ပျော်လာတယ်။ ဒီတစ်ခါတော့ နိုင်နိုင်ရှုံးရှုံးတွေးပူရမဲ့အစား သူပျော်နေတာက ပိုအရေးကြီးတယ်။

ဒီလိုနဲ့ ဒုတိယပိုင်းစကြရော ပွဲကြည့်နေတဲ့ Bang Chan ကတော့ အစောကထထွက်သွားတဲ့ TaeHyun တစ်ယောက် အခုပြိုင်ပွဲထဲ ရောက်နေတာကို တွေ့လိုက်ရတော့ အံ့ဩလို့မဆုံးဖြစ်နေတော့တယ်။

I Still Do ¶TaeJun¶Where stories live. Discover now