╬ - 12

102 7 17
                                    

🔔🚪

"မောနင်း Tae~"

"Sangie Hyung အစောကြီးရောက်လာတာလား "

"ကိုးနာရီတောင်ထိုးတော့မယ် မစောပါဘူး သူသာ အခုမှ နိုးပြီးတော့"

"ဟီး ပိတ်ရက်လေဗျာ အစောထစရာလားလို့ "

"ဟုတ်ပါပြီ မျက်နှာသွားသစ်တော့ မနက်စာလုပ်ထားပေးမယ်"

"တကယ်ကြီး?!"

"အွန်း အဲ့တာကြောင့် သွားတော့ Hyung က ပြင်ထားပြီး စောင့်နေမယ်"

"အိုကေပါဗျ"

🚿...............🚿

"လာပြီလား စားရအောင်"

"အရမ်းပင်ပန်းသွားတော့မှာပဲ ပန်ကိတ်နဲ့ ကော်ဖီနဲ့ဆိုတော့လေ"

"လုပ်တတ်သလောက်လုပ်ပေးထားတာပဲလေ ဘာလဲ မစားဘူးလား"

"စားမှာပါ ဒါပဲရှိတာကို "

"ဒါဆိုလဲ ဘာမှမပြောတော့ဘဲ စားတော့"

"နေ့လည်ကျရင်ကော Hyung ချက်ကျွေးမှာလား အဆောင်မီးလောင်မှုရဲ့အစ ကျနော့်အခန်းက တရားခံမဖြစ်ချင်ဘူးနော်"

"စိတ်ချပါ မချက်ကျွေးပါဘူး "

"တော်သေးတာပေါ့ ဒါဆို ဆိုင်ကမှာကျွေးမှာလား ခါတိုင်းလို ကြက်ကြော်ပဲပေါ့ Hyung နဲ့ ကြက်က အရင်ဘဝက အမျိုးတော်ခဲ့လို့လား အရမ်းကြိုက်တယ်နော်"

"အရင်ဘဝကတော့မသိဘူး အခုဘဝမှာတော့ ရှဥ့်ပေါက်လိုလိုကြောင်ပေါက်လိုလို အကောင်တစ်ကောင်နဲ့ အမျိုးလာတော်နေတယ်"

"ကျနော်ကို့သာ ရှဥ့်လိုလိုကြောင်လိုလိုဆိုပြီး လာပြောနေတာ Hyung လဲ ဘာထူးလဲ ခွေးပေါက်လိုလို--"

"တော်တော် ‌Tae ပြောမှပဲ နှစ်ယောက်လုံး တိရစ္ဆာန်တောထဲကကို ထွက်ရမှာကိုမဟုတ်ဘူး"

"Hyung အရင်စတာလေ"

"အေးပါကွယ် Hyungအမှားပါ"

"နေ့လည်စာက ဘာကျွေးမှာလဲလို့ ကြက်ကြော်ဆိုရင်တော့ မစားဘူးနော်"

"မကျွေးပါဘူး Hyung ရဲ့ Hwa လေးက Hyung ကို ဆီပူထိ ဓားရှ ဖြစ်မှာ စိတ်ပူလို့ဆိုပြီး သူကိုယ်တိုင်ပြင်ပေးလိုက်ပြီးသား"

I Still Do ¶TaeJun¶Where stories live. Discover now