╬ - 16

82 6 13
                                    

"ဒါကြီး မကြိုက်ဘူး!
ဒါလဲ အဆင်မပြေဘူး!
ဒါကကျ မလိုက်မဖက်နဲ့!
အားးး ဝတ်စရာကိုမရှိဘူး!!"

"Kang လေးရေ ဒီတစ်သက်ထွက်လာဦးမှာလား"

"ဘာဝတ်ရမှန်းမသိလို့ပါဆို"

"မင်းဖွထားတာ ဗီရိုတစ်ခုလုံးလဲ ကုန်ပြီလေကွာ"

"မသိဘူးဗျာ ဘာဝတ်ရမှန်း မသိတော့ဘူး"

"ဘာမှဝတ်မသွားနဲ့လေ အဲ့လိုဆို ပိုတောင်သဘောကျနေမှာ"

"Hyung!!" ပေါက်ကွဲမထွက် မျက်နှာနီကြီးနဲ့ ထအော်တဲ့အပြင် လာပါရိုက်သေးတာ

"နာတယ်လေကွာ"

"Hyung က မကူညီဘဲ ထိုင်နေပြီး မဟုတ်‌တာတွေ ပြောနေတာလေ"

"အေးပါ သေချာရွေးပေးမယ် ရွေးပေးတာဝတ် အတွန့်မတက်နဲ့"

"ပြီးရောဗျာ ရွေးပေးတော့"

ရွေးပေးတဲ့ဟာကို ဆူပုတ်ပုတ်နဲ့ယူတော့ယူသွားတာပဲ ဘာတွေအပြစ်ပြောဦးမလဲမသိ

"Hyung_ _"

Complain အတက်ခံရတော့မဲ့ အရေးမှ ကယ်တင်ပေးတဲ့ Yeonjun ကိုပင်ကျေးဇူးတင်ရမလို

"ဘာမှ ပြောမနေနဲ့တော့နဲ့ ဒါပဲ ဝတ်သွားတော့ ဟိုမှာစောင့်နေပြီ"

"ဟာ သူက ဘာလို့မြန်နေတာလဲ မပြီးသေးပါဘူး "

"အမယ် စိတ်အေးအေးထားစမ်းပါ ဘာမှမကျန်တော့ဘူး ဒါလေးဆွဲသွားလိုက် အားလုံးperfect"
လည်ပင်းနေရာ ရုတ်တရက်အေးသွားစေတဲ့ ဖန်စီဆွဲကြိုးလှလှလေးတစ်ခု Hyung က အဲ့လိုနေရာတွေမှာ သိပ်အမြင်ရှိတာပဲ

"ဒါက??"

"လက်ဆောင်လေ"

"ဘာရှိလို့လဲ"

"ပေးချင်လို့ပေးတာ "

"မဟုတ်သေးပါဘူး Hyung တစ်ခုခု ဖုံးကွယ်ထားတာလား မလိမ်နဲ့နော်"

"အဟမ်းးး !!"

ချောင်းဟန့်သံကြားမှ မေးနေတာတွေ ရပ်တော့တယ်
အဖြူရောင် တီရှပ်လေးအပေါ်မှာ အနက်ရောင်long coat နဲ့ ဂျင်းဘောင်းဘီအနက် leather  ဖိနပ်အနက်နဲ့ အရမ်းတွေကြည့်ကောင်းနေတာပဲ အရင်ကလဲ ချောတာသိပါတယ် အခုမှ ပိုချောနေသလိုပဲ

You've reached the end of published parts.

⏰ Last updated: Jun 30, 2023 ⏰

Add this story to your Library to get notified about new parts!

I Still Do ¶TaeJun¶Where stories live. Discover now