စိတ်ပြေလက်ပျောက် ရေကူးပြီး ထိုင်စဉ်းစားနေတာ နာရီဝက်လောက်ရှိပြီ။ မနက်ဖြန်ကျရင် မေးရမယ် မဟုတ်ရင် သိချင်တာနဲ့ စိတ်ထဲ မတင်မကျဖြစ်နေမှာ။ ။
အခုတော့ ဘာမှမတွေးဘဲ ဒီမှာ ခဏလောက်ထပ်နေလိုက်ဦးမယ်.....ရေကူးကန်ဘောင်ပေါ် လှဲနေတုန်း ရုတ်တရက် ရန်ဖြစ်နေသလို အသံတွေကြားလိုက်ရတယ်
*ဘာလဲ ဒီအချိန်ကြီး ကျောင်းထဲ ဘယ်သူတွေလဲ မဟုတ်မှလွဲရော....
အပြင်ကိုအမြန်ထွက်ပြီး ကြည့်လိုက်တော့ လူသုံးယောက် နှစ်ယောက်က ကောင်လေးတစ်ယောက်ကို ချုပ်ထားတယ် မြင်လိုက်ရတဲ့ ကျောပြင်က လွဲနိုင်စရာအကြောင်းမရှိ ချာတိတ်ပဲ...
"ဟေ့လူတွေ ရပ်လိုက်စမ်း!!!
"မင်းကြောင့် သူသိသွားပြီ အဲ့တာကြောင့် မဆိုင်ရင် ဝင်မပါနဲ့လို့ပြောတာပေါ့ ..
ဟျော့င်တွေ သိသွားတော့လဲ ချကွာ !!ထို့နောက် ကျနော့်ဆီကို အတင်းပြေးဝင်လာတဲ့ လူတစ်ယောက်
မျက်နှာကို ထိုးဖို့လုပ်တော့ ငုံ့ရှောင်လိုက်ပြီး သူခြေထောက်က်ို ဖြတ်ကန်လိုက်တော့ လဲကျသွားတယ် အဲ့အချိန် ဗိုက်ကို အားပြင်းပြင်းနဲ့ သုံးချက်လောက်ကန်လိုက်တော့ ပြန်တောင်မထနိုင်တော့ဘူး
*ကယ် တစ်ယောက်တော့ ရှင်းပြီနောက်နှစ်ယောက်လဲ ရှေ့က တစ်ယောက်အခြေအနေကို ကြည့်ပြီး တစ်ယောက်ချင်း မတိုက်တော့ဘဲ နှစ်ယောက်တစ်ပြိုင်နက် လာပြီး တစ်ယောက်က အနောက်က ချုပ်ထားတယ်
* ဒီလိုချုပ်ထားပြီး ထိုးမယ်ပေါ့....နောက်ကချုပ်ထားတဲ့တစ်ယောက်ကို အားပြုပြီး ရှေ့ကထိုးဖို့ပြင်နေတဲ့ တစ်ယောက်ကို ခြေထောက်နဲ့လှမ်းကန်လိုက်တယ် ချုပ်ထားတဲ့တစ်ယောက်ကိုတော့ ခေါင်းနဲ့ နောက်ပြန်ဆောင့်လိုက်တော့ ချုပ်ထားတဲ့လက်က ပြေလျော့သွားတယ်
အဲ့တာနဲ့ သူ့ဘက်ကိုလှည့်ပြီး မျက်နှာကိုနှစ်ချက်လောက် ဆင့်ထိုးလိုက်တယ်
အစောက အကန်ခံလိုက်လို့ လဲသွားတဲ့လူကိုလဲ အင်္ကျီစကို ဆွဲပြီး ထပ်ထိုးလိုက်တယ် ပုံစံတွေကတော့ တော်တော်လေး ထိသွားကြပြီထင်တယ် ခဏပစ်ထားခဲ့လိုက်ပြီး ချာတိတ်ရှိရာ သွားလိုက်တယ်
YOU ARE READING
I Still Do ¶TaeJun¶
Fanfiction[🅾🅽 🅷🅾🅻🅳] I've always loved you And I still do... TXT : YeonJun × TaeHyun Start : 20.3.2022