"YeonJun Hyung"
ဘာပါလိမ့် ငါ့ကိုရှောင်နေတာများလား။ကျောင်းအတူသွားလို့ရအောင် မနက်အစော အခန်းရှေ့သွားစောင့်တော့လဲ သူကပိုစောပြီး သွားနှင့်တယ်။ ကျောင်းမှာတွေ့တော့လဲ မမြင်ချင်ယောင်ဆောင် ခေါ်တော့လဲ မကြားချင်ယောင်ဆောင်တယ်။ အတည်ကြီး ငါ့ကိုရှောင်နေတာပဲ။ အတန်းဆင်းရင် လေ့ကျင်ရေးလုပ်တဲ့နေရာသွားကြည့်ရမယ်။အဲ့မှာစောင့်ပြီး စကားပြောရမှဖြစ်တော့မယ်။
YeonJun PoV;
မနက်က အခန်းရှေ့မှာ ချာတိတ် ကျနော့်ကိုလာစောင့်နေတာပဲ။ မနေ့က ကျနော် အခန်းပြန်မအိပ်ဘူးလေ။ သူအခန်းရှေ့ကထွက်သွားတော့မှပဲ အခန်းထဲဝင်ပြီး ကျောင်းသွားဖို့ ပြင်ရတော့တယ်။ ကျောင်းမှာလဲ မတွေ့မိအောင်နေပါတယ်ဆိုနေမှ တွေ့သွားတော့ ကျနော့်ကိုလှမ်းခေါ်တာ ကြားပေမဲ့ ကျနော်ပြန်မထူးခဲ့မိဘူး ။ ဒီတိုင်းပဲ မသိသလိုနေပြီး ထွက်လာခဲ့လိုက်တာ။အရင်က အရမ်းအနားကပ်နေမိပြီး နေရခက်အောင်လုပ်မိလို့ သဘောမကျတာဖြစ်ရမယ် ဒါကြောင့် သူလဲ အဆင်ပြေအောင် ရှောင်နေမိတာ။
WY "Junie fighting"
"အင်း"
CB "လုပ်စမ်းပါ ငါ့ကောင်ရာ တက်တက်ကြွကြွပေါ့ ပြိုင်ပွဲကဘယ်လောက်မှ မလိုတော့ဘူးနော်"
"အေးပါ ငါသိပါတယ်"
CB "ဒါဆို ငါတို့အရင်ပြန်နှင့်ပြီနော် "
"အင်း "
📳📲 TaeHyunie
📞WY ; ရား အခုထိ ဘာမှမပြောရသေးဘူးလား
မနက်ထဲက ပြောမလို့ပါ
ဒါမဲ့ YeonJun Hyung က ရှောင်နေလို့📞WY ; မသိဘူး ဆင်ခြေတွေမလိုချင်ဘူးနော်
ဟုတ်ကဲ့ပါ
ကျနော်အခု YeonJun Hyung တို့
လေ့ကျင့်ရေးဆင်းနေတဲ့နေရာကို
သွားမလို့📞WY ; အေး ပြီးတာပဲ အဆင်ပြေခဲ့တာပဲ လိုချင်တယ်နော်
ဟုတ်
📞WY ; သေချာပြောခဲ့နော်
ဟုတ်ကဲ့ပါ
***ဟူး စာမေးပွဲသွားဖြေရမဲ့အတိုင်းပဲ ရင်တုန်ဖို့ကောင်းတယ် အယ် နေဦး အဲ့ထက်ပိုဆိုးတယ် စာမေးပွဲကျရင်တောင် Sangie Hyung က ငါ့ကိုဘာမှမလုပ်ဘူး အခုဟာက အဆင်ပြေမလာရင် WooYoung Hyung က ဘာလုပ်မလဲမသိဘူး သူက အစ်ကိုအရင်းထက် ပိုကြောက်ဖို့ကောင်းတယ် အရင်ဆုံးကတော့ အအော်ခံရမှာပဲ**
YOU ARE READING
I Still Do ¶TaeJun¶
Fanfic[🅾🅽 🅷🅾🅻🅳] I've always loved you And I still do... TXT : YeonJun × TaeHyun Start : 20.3.2022