╬ - 15

74 8 31
                                    

🚪Knock knock🚪

"Beomgyu ဘာကျန်ခဲ့---"

ခွပ်💥

"အာ့ Hyung~"

CB "ဟေ့ကောင် Wooyoung စိတ်လျော့ဦး လွန်ကုန်မယ်"

WY "Yeonjun ကို လူအများအလယ် အရှက်ခွဲခဲ့ပြီး ဒီကောင့်ပါးစပ်က ထွက်တာကိုကြည့်ဦးလေ Beomgyu တဲ့"

" တောင်းပန်ပါတယ်"

WY "တော်စမ်း အဲ့တာ Yeonjun ကိုပြောရမှာလေ"

"ဟုတ်ကဲ့ပါ ကျနော်သေချာပေါက် လိုက်ရှာပြီး ပြောမှာပါ"

"အေး ပြီးတာပဲ"

ပြောပြီး ပြေးထွက်သွားတာကိုကြည့်ပြီး သူငယ်ချင်းနှစ်ယောက်ကတော့ သက်ပြင်းတချချနဲ့ ကျန်နေခဲ့တော့တယ်။

"ဟေ့ရောင် မင်းထပ်အတိုင်ခံနေရဦးမယ်"

"တိုင်တိုင်ကွာ တစ်ချက်လောက်ထိုးခံရမှ အဲ့ကလေး အသိတရားဝင်မှာ"

နေရာအစုံနီးပါးလိုက်ရှာပေမဲ့ ဘယ်မှမတွေ့ တစ်ချို့မပြန်သေးတဲ့လူတွေကလဲ ကွက်ကြည့်ကွက်ကြည့်နဲ့ တီးတိုးပြောဆိုနေကြတာတွေကလဲ မျက်နှာပူစရာပင် ကိုယ်က မဟုတ်တာလုပ်မိထားတဲ့လူတစ်ယောက်လိုပဲ

စိတ်အေးအေးထားပြီး သွားတတ်တဲ့နေရာတွေအကြောင်းစဉ်းစားကြည့်တော့ ခေါင်းထဲ ဖြတ်ခနဲ‌တွေးမိသွားတဲ့နေရာတစ်ခု ရှိနေပါစေလို့သာဆုတောင်းရင်း ထိုနေရာလေးကို အပြေးသွားလိုက်မိတယ်။

တံခါးကိုဖွင့်လိုက်တော့ ဆုတောင်းတွေကြားသွားသည်ထင် တွေ့လိုက်ရတဲ့ ကျောပြင်လေးကြောင့် စိတ်သက်သာရာရသွားခဲ့တယ်

စိတ်မွန်းကြပ်တိုင်း အပြစ်မရှိတဲ့ ဘောလုံးကိုပဲ ပြဿနာလာရှာတတ်သည်ကို သတိရသွားလို့ လေ့ကျင့်ရေးခန်းမဆီ လာခဲ့လိုက်တာ ထင်တဲ့အတိုင်းပဲ ။

"Hyung~~ "

ဘောလုံးပုတ်သံတစ်ခုထဲ ကြီးစိုးနေသော ‌ခန်းမထဲတွင် ပေါ်ထွက်လာတဲ့ တိုးရှရှ ခေါ်သံလေးတစ်ခု

Yeonjun တစ်ယောက်ဘောလုံးပုတ်နေသည်ကိုရပ်လိုက်၍ လှည့်ကြည့်လိုက်စဉ် အံ့ဩမှုတို့သည် ပြူးကျယ်သွားသောမျက်ဝန်းတို့နှင့် ပွင့်အာလာသော နှုတ်ခမ်းတို့သည် သက်သေပင်

I Still Do ¶TaeJun¶Where stories live. Discover now