ညနေအတန်းဆင်းတုန်းက မြင်လိုက်ရတဲ့ ကိစ္စကို သိပ်တော့ ဘဝင်မကျသေးပေ။
📳📲Stupid Spy🥷
🥷"အေးပြော"
"ငါ့ကို Kang TaeHyun ဆိုတဲ့ ကောင်လေးရဲ့ မိသားစုဝင်တွေ အကြောင်းစုံစမ်းပေး ဒီနေ့ချက်ချင်းသိချင်တယ်"
🥷"ဟျောင့် ငါ့ကို လူရှာပေးတဲ့လူများမှတ်နေလား အားနေ စုံစမ်းခိုင်းနေတာပဲ ဘယ်သူမလို့လဲ ဘာလုပ်ဖို့လဲ"
"ပြောတာသာလုပ်စမ်းပါ"
🥷"မပြောရင် မလုပ်ပေးဘူး"
"ငါ့ကြိုက်နေတဲ့ကောင်လေးကွာ ရပြီလား"
🥷"ဟျောင့် အလုပ်နဲ့ပတ်သတ်ရင် ငါတန်းလုပ်ပေးဦးမယ် အခုကျ--"
"ဒါလဲ နှလုံးသားရေးရာပဲ ငါ့အတွက် အရေးကြီးတယ် လုပ်မှာသာ လုပ်ပေးစမ်းပါ မင်းနဲ့ ပြောရတာ အချိန်ကုန်တယ်"
🥷"အေးပါကွာ မင်းကြိုက်တဲ့သူက ကောင်လေးဆိုတော့ အံ့ဩစရာပဲ ငါလဲ ပိုသိချင်သွားတယ် အဲ့လိုဆိုတော့လဲ စုံစမ်းပေးပါ့မယ်လေ "
"ပြီးကျ ပို့ထားလိုက် ဒီနေ့တွင်းချင်းလိုချင်တာနော်"
🥷"ခွေးကောင်.. စိတ်ကြည့်ပဲ ရစေရမယ်ကွာ ဟုတ်ပြီလား"
"အေး ဒါပဲ "
-----------
ဖေဖေကလဲ ကျောင်းကိုယ်စားပြုအရွေးခံရလို့ စားသောက်ဆိုင်ကြီးမှာ ပါတီလုပ်ပေးမယ်ဆိုတာနဲ့ အစက အသင်းသားတွေနဲ့ပဲ လုပ်ဖို့ကနေ အခုတော့ ကျနော့်တို့ တစ်တန်းလုံးကိုပါ လိုက်ကျွေးဖြစ်တယ်။ ။
ဒီလိုနဲ့ စားကြသောက်ကြ ဂိမ်းတွေဆော့ကြနဲ့ အများအတွက်ကတော့ ပျော်ဖို့ကောင်းနေတာပေါ့။ ကျနော်ကတော့ ဖုန်းက နိုတီပဲ တမျှော်မျှော်နဲ့ အခုဆို ချာတိတ်က ညနေက တွေ့ခဲ့တဲ့ တစ်ယောက်နဲ့များရှိနေဦးမလားဆိုပြီး တွေးလေ တွေးလေ အဆောင်ပြန်ပြီး ချာတိတ်အခန်းကို သွားကြည့်ချင်လာလေလေပဲ...ခဏအကြာ နိုတီသံကြားဝာာနဲ့ ချက်ချင်းဖွင့်ကြည့်လိုက်တော့
From Stupid SPY🥷
>မိသားစုဝင်ဆိုလို့ အစ်ကိုတစ်ယောက်ပဲရှိတော့တယ် သူနဲ့ပတ်သတ်တဲ့ တခြားအကြောင်းတွေကိုတော့ သိပ်စုံစမ်းလို့မရဘူး တော်သေးဝာာက အစ်ကိုနာမည်တော့ သိခဲ့တယ် Kang YeoSangတဲ့
YOU ARE READING
I Still Do ¶TaeJun¶
Fanfiction[🅾🅽 🅷🅾🅻🅳] I've always loved you And I still do... TXT : YeonJun × TaeHyun Start : 20.3.2022