Part-1

672 21 0
                                    

Unicode

ကျွီ!

ဂျွန်က ကားကို ဂိုဒေါင်ထဲထည့်ပြီး အိမ်ထဲဝင်လာတော့ အိမ်ဝတွင်ရှိနေသော Bamကသူ့ဆီပြေးလာသည်။ Bamရဲ့ခေါင်းကိုပွတ်ပြီး

"မအိပ်သေးဘူး၊ဖေ့ဖေ့ကိုစောင့်နေတာပေါ့ Bamက
ဟုတ်လား"

Bamကိုချီပြီး အိမ်ထဲဝင်သွားတော့ ဧည့်ခန်းတွင်ထိုင်နေသော ဒယ်ဒီနှင့် Jin Hyungကို တွေ့‌တော့ Bamကိုချလိုက်ကာ ဒယ်ဒီနားလျှောက်သွားပြီး

"ကျွန်တော့ကိုစောင့်နေတာလားဒယ်ဒီ"

"အင်၊ ဒယ်ဒီ မင်းကိုပြောစရာရှိလို့....

ဒယ်ဒီ့ဘေးနားရောက်သည်နှင့်

"ဂျွန် ..ပြန်လာတာညည့်နက်တယ်နော်"

"weekendဆိုတော့ သူငယ်ချင်းတွေနဲ့ နည်းနည်း..."

"နောက်နေ့တွေတော့ စောစောပြန်လာ"

"....."

"ဒယ်ဒီက ကောင်းစေချင်လို့လုပ်ခိုင်းတဲ့အလုပ်ကိုကျ မလုပ်ဘူး၊ ဒယ်ဒီ့ဟိုတယ်မှာ မင်းရဲ့အကိုJinနဲ့ chef လုပ်ခိုင်းတော့ မင်းက သူငယ်ချင်း‌တွေနဲ့ပေါင်းပြီး phoneနဲ့pc acceriesဆိုင်ဖွင့်တယ်၊ chefသင်တန်းတက်ထားပြီးလက်မှတ်တွေလည်းရှိနေရဲ့သားနဲ့....၊ ဒယ်ဒီ့ကို အမြဲကလန်ကဆန်လုပ်တယ်၊ "

"လူငယ်မို့လို့ အပျော်အပါးမက်တာ ဒယ်ဒီနားလည်ပေးထားတယ်။ ဒါပေမဲ့ အန္တရာယ်ဆိုတာကြိုမမြင်နိုင်ဘူး၊ ညဘက်ဆိုတာအန္တရာယ်များတယ်၊ အခုတောင် မင်းကိုပြောစရာရှိလို့ စောင့်နေမှ မင်းညည့်နက်မှအိမ်ပြန်လာတယ်ဆိုတာ သိရတယ်၊ ခါတိုင်း ဒယ်ဒီမရှိတဲ့ ရက်တွေဆိုလည်း မင်းဒီလိုပဲ အိမ်ပြန်နောက်ကျ‌နေကျပဲဆိုတာ ဘယ်သူ့မှမ‌မေးလည်း ဒယ်ဒီသတိထားမိနေတယ်"

"ဒယ်ဒီမင်းကို ဘာမှမချုပ်ချယ်ဘူးနော်၊ ဒါမဲ့ ညည့်နက်မှအိမ်ပြန်လာတာ ဒယ်ဒီတကယ်မကြိုက်ဘူး....၊ မင်းအကို'ကိုကြည့်ပြီး အတုယူစမ်းပါ "

ဒယ်ဒီရဲ့ချီးကျူးခြင်းကိုခံရတဲ့ Jin Hyungကို ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေသည်။ Jin Hyungက ဒီတိုင်းပြုံးပြလိုက်တယ်ဆိုပေမဲ့ ဂျွန်စိတ်ထဲသူ့ကို ခနဲ့‌နေသည်ဟုပဲ ထင်နေသည်။

My Orange(on going)Where stories live. Discover now