Part-5

162 9 0
                                    

Unicode

customerတွေက မင်းသားလိုချောပြီးခန့်သောသူအား
ဝိုင်းကြည့်နေကြပေမယ့် ဂျီမင်းက တစ်ချက်ပဲလှည့်ကြည့်လိုက်သည်။ထိုလူကဆိုင်ထဲရောက်တော့ ဆိုင်မန်နေဂျာက ထိုသူအား တစ်ရိုတစ်သေ ဆက်ဆံပြီး လက်ဆွဲအိတ်တစ်အိတ်ပေးလိုက်၏။ ထိုသူက ဂျီမင်းတို့ဝိုင်းဆီလျှောက်လာပြီး ဂျီမင်းရှေ့ ထိုအိတ်ချပေးလိုက်သည်။ ဂျီမင်းကသူ့ကိုတစ်ချက်မော့ကြည့်လိုက်ပြီး ဆိုင်ဝန်းထမ်းမလေးဘက်ကိုပြန်လှည့်ကာ ဖုန်းဝယ်ရင်လိုအပ်တဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ပေးပြီး ဝယ်ထားတဲ့ဖုန်းကိုယူပြီး ပြန်ဖို့လုပ်သည်။

တစ်ကိုယ်လုံးအနက်ဝတ်ထားသည့် ထိုလူကနောက်ကိုလိုက်လာကာ လက်ကိုကိုင်ဆွဲလာသည်။ထိုလူကိုအော်ဖို့လုပ်ပေမယ့် တစ်ဆိုင်လုံးမှာရှိတဲ့လူတွေက သူတို့နှစ်‌ယောက်ကို ဝိုင်းကြည့်နေကြတော့ အံကြိတ်ပြီးတော့သာ ထိုလူ၏လက်ကိုရုန်းဖယ်လိုက်ပြီး စက်ဘီးဆီဦးတည်လိုက်သည်။ထိုလူက စက်ဘီးကို လက်တစ်ဖက်တည်းနဲ့မပြီး သူ့ကားနောက်မှာ ထည့်လိုက်တော့ ဂျီမင်းရဲ့သည်းခံနိုင်မှုတွေမရှိတော့၊

"မင်းဘယ်လိုတွေဖြစ်နေတာလဲ Jeon Jungkook!"

"ခင်ဗျားက ပေးတာကိုမှမယူတာ.. ကျွန်တောလုပ်လို့ခင်ဗျားဖုန်းကွဲသွားတာ.. ..ခင်ဗျားပဲပြန်လျော်ခိုင်းတာလေ တာဝန်ယူပြီး ပြန်ပေးတော့ယူလိုက်လေ.. ဘာလို့မယူဘဲ ပေကပ်နေတာလဲ"

"ပြန်လျော်ဖို့မလိုတော့ဘူး ငါ့ဘာသာငါ ဝယ်ပြီးပြီ"

"ပေးတုန်းယူထားလိုက် စိတ်မရှည်အောင်လာမလုပ်နေနဲ့"

"မသတီရင်လာမပေးနဲ့ ကိုယ့်ဘာသာကိုယ်လည်းဝယ်နိုင်တယ်"

ဂျွန်စိတ်မရှည်တော့၍ လက်ကိုဆွဲကာ စွာစိလေးကိုlover seatတွင် ပစ်ထည့်လိုက်သည်။ဂျီမင်းကပြန်ပြေးထွက်ဖို့လုပ်နေတော့ ပုခုံးကနေဖိညစ်ကာ

"ငြိမ်ငြိမ်နေ... လှုပ်နေရင် ဒီမှာနမ်းပစ်လိုက်မှာနော်၊ မလုပ်ရဲဘူးမထင်နဲ့ လူတွေကြည့်နေလည်း မရှက်တတ်ဘူး...  မယုံရင်တော့ စမ်းကြည့်လို့ရတယ်"

"မင်း!"

တကယ်လုပ်မှာကြောက်သည့်လူသားက ငြိမ်သွားတော့ safe-beltကိုတပ်ပေးလိုက်သည်။ driver seatတွင်ထိုင်ပြီး အိမ်ပြန်လမ်းဆီသို့မောင်းသွား၏။

My Orange(on going)Where stories live. Discover now