Unicode
ဂျွန် ကားထုတ်ပြီး ဂျီမင်းဆီသွား၏။ အိမ်ထဲထိကားမောင်းဝင်သွားပြီး ကားရပ်လိုက်တော့ အိမ်ထဲမှဂျီမင်းကထွက်လာ၏။ suit အပြည့်ဖြင့်ဝတ်ထားသည့်သူက ကားတံခါးဖွင့်ပြီးဝင်လာ၏။ လာလည်းလာကြိုရသေးတယ် မသိရင်ကိုယ်ကပဲအမှားလုပ်ထားမိလို့ သူ့ကိုတောင်းပန်ရတော့မလိုပဲ စိတ်ဆိုးနေတဲ့ရုပ်နဲ့၊
ကိုယ်နဲ့ဆို ပြုံးတာတစ်ခါမှမရှိဘူး၊ ဟိုနေ့တုန်းကတော့ အဆင်ပြေတော့မယ့်ပုံပါပဲ...ဒီနေ့မှဘာထဖြစ်ပြန်ပြီလဲမသိ..
ဒီလိုဆို သူနဲ့က ဘယ်တော့မှအဆင်ပြေမှာမဟုတ်တော့ဘူးထင်တာပဲ၊သူကားထဲရောက်တော့ ကားမောင်းထွက်လိုက်ပြီး လမ်းအကွေ့ရောက်သည်နှင့် အရှိန်နဲ့ကွေ့လိုက်တော့ ခါးပတ်မပတ်ထားသည့် ထိုလူက သူ့ဘက်စောင်းကျလာသည်။
"မင်း ဘယ်လိုမောင်းနေတာလဲ ဂျောင်ကု"
"ခါးပတ်မပတ်ထားတာ ခင်ဗျားအပြစ်၊ ကျွန်တော့ကိုလာမမဲနဲ့"
ထိုသို့ပြောမှ သူ့ကိုမျက်စောင်းထိုးပြီးခါးပတ်ကိုစွတ်ခနဲ ကောက်တပ်၏။
"အမြဲတမ်း ကျွန်တော့ကိုဆိုဒေါသထွက်နေတာပဲ...
သူများတွေနဲ့ဆို မျက်နှာက သကာရည်လောင်းထားသလိုပဲ၊ ကျွန်တော့ကိုလည်း ကောင်းကောင်းဆက်ဆံလို့ရတယ်နော်""မင်းလုပ်တာတွေကရော...ကောင်းကောင်းဆက်ဆံချင်စရာကောင်းလို့လား"
"ကျွန်တော်ကဘာလုပ်နေလို့လဲ"
"မင်းလုပ်တာတွေပြန်စဉ်းစားကြည့်ပါ..
ပြီးတော့ ဒီနေ့လည်းနောက်ကျမှလာကြိုတယ်
နေရာမသိလို့ပေါ့ သိလို့ကတော့ ကိုယ့်ဘာသာကိုယ်သွားမှာ""နောက်ကျတော့ ဘာဖြစ်လဲအချင်းချင်းတွေပဲ"
"အချင်းချင်းပေမယ့်လည်း မကောင်းဘူးလေ...
ကိုယ်ကသူနဲ့သိတဲ့လူရင်းဆိုတော့ စောစောသွားသင့်တာပေါ့'"အဲ့တော့ ကျွန်တော့ကိုစိတ်ဆိုးနေတာက
နောက်ကျမှလာကြိုမိလို့ပေါ့""ဟုတ်တယ်၊ ...ခုဏကလည်း မဆင်မခြင်နဲ့ကားကိုကွေ့လိုက်တာလည်းပါတယ်"
YOU ARE READING
My Orange(on going)
FanfictionOrange means"Eternal Love"🍊 (Uni+Zawgyi) Jikook၊Vope ၊Namjin ၊Suga #BL #GL