Part-12

121 7 0
                                    


Unicode

"ညောင်~ညောင်~ညောင်~"

မိုးလင်းနေပေမယ့် မထချင်သေးသဖြင့် အိပ်ယာပေါ် လိမ့်နေ
ရင်း ကြောင်သံကြားတော့ဂျီမင်းနိုးလာသည်။

"နဲခို!"

"ပြန်လာပြီပေါ့ ဟုတ်လား
တစ်ကိုယ်လုံးလည်းပေကျံနေတာပဲ
အယ်! အရေပြားမှာလည်း အပေါက်အပြဲတွေနဲ့ သွေးပါထွက်နေတယ်၊ နင့်ရည်းစားနဲ့ ဘယ်လောက်တောင်ကဲလာတာလဲ"

"အဆိုးတုံးလေး"

စိတ်ဆိုးနေပေမယ့် နဲခိုကို ရေချိုးသန့်စင်ပေးလိုက်ပြီး အနာကို ဆေးထည့်ပေးလိုက်၏။

!မဖြစ်ဘူး ဟိုဘီhyungဆီခေါ်သွားရမယ်!

နဲခိုကိုကုတင်ပေါ်တင်ပြီးခေါင်းပွတ်ပေးတော့ အိပ်ပျော်သွား၏။ နဲခိုအိပ်ပျော်သွားတော့ ဂျီမင်းလည်း ရေချိုးအဝတ်အစားလဲပြီး ဟိုဘီhyungဆီသွားဖို့ပြင်၏။

အကုန်ပြင်ဆင်ပြီးအောက်ထပ်ဆင်းတော့မီးဖိုခန်းထဲဝင်သွားသည့်မေမေ့ကိုတွေ့၏။ မေမေ့ဆီသွားပြီးနောက်ကနေပြေးဖက်လိုက်ပြီး

"မေမေ.. ကျွန်တော် နဲခိုကို ဟိုဘီhyungဆီခေါ်သွားလိုက်ဦးမယ်"

မေမေက သူပြောတာကိုမကြားသလိုလုပ်ပြီး အရွက်ကြော်ကိုပဲ‌ကြော်နေ၏။‌

မေမေကဂရုမစိုက်တော့ ဝမ်းနည်းမိသွားပြီး

"မေမေ.."

ဝမ်းနည်းနေတဲ့အသံဖြင့် တိုးတိုးလေး ခေါ်လိုက်၏။မေမေက သူ့ဘက်လှည့်လာပြီး မျက်ရည်ဝဲနေတဲ့ သူ့ကိုကြည့်၏။ပြီးမှ မျက်လုံးထောင့်ကိုပွတ်ပေးလိုက်ပြီး

"အမေက အလုပ်လုပ်နေတာကို ဘယ်လိုတွေလာလုပ်နေတာလဲပတ်ဂျီမင်း.. သွားမယ်ဆိုလည်းသွားတော့..
အကုန်ပြင်ဆင်ပြီးဟာကို အင်္ကျီမှာဟင်းနံ့တွေစွဲကုန်မယ်လို့လေ... အမြဲပြောနေရပဲ ...သွားတော့"

"ဟင်အင်း.. မသွားတော့ဘူး"

မေ့မေ့အင်္ကျီပေါ်ကိုမျက်နှာအပ်ပြီး ငိုချမိသွား၏။

"မေမေ စိတ်ဆိုးနေတယ်၊ မသွားတော့ဘူး"

"ဂျီမင်း"

My Orange(on going)Where stories live. Discover now