Part-6

155 5 0
                                    

Unicode

"ဟယ်လို ထယ်၊ ငါမင်းကိုလာခေါ်မယ် ဟိုကောင်ဂျွန်ဆီသွားဖို့၊ဆိုင်ကိစ္စ ပြောမလို့.. လိုက်မှာလား"

"အေး.. လာခေါ် "

"ငါ့ကားနဲ့လာခဲ့မယ်"

"အေ verse(ဗက်စ်)"

Verseက ဂျွန်နဲ့ ထယ်တို့နဲ့ ငယ်ငယ်ကတည်းက ခင်လာသည့်သူငယ်ချင်းဖြစ်သည်။ဆိုင်ဖွင့်ထားသည်က ၃ယောက်ပေါင်းပြီးဖွင့်ထားတာဖြစ်သည်။

ဗက်စ်က ထယ်အိမ်ရှေ့ရောက်ခါနီး ဖုန်းဆက်လိုက်သည်။

"ငါ မင်းအိမ်ရှေ့ရောက်တော့မယ်"

"အေ.... ငါပြင်ပြီးပြီ"

ဗက်စ်ရောက်တော့ Namjoon hyungက အပင်တွေရေလောင်းနေသည်။

"hyung ဟိုကောင်ရော"

"ခုဏက အပေါ်တက်သွားတယ်.. ဗက်စ်"

"ဒါဆို ကျွန်တော်သွားခေါ်လိုက်ဦးမယ်"

hyungကခေါင်းငြိမ့်ပြလာ၏။
ဗက်စ်က ထယ်ကိုခေါ်ပြီး အောက်ဆင်းလာ၏။

"hyung ကျွန်တော်တို့ဂျွန်ဆီသွားမလို့...
hyung... ဂျီမင်းကိုတစ်ခုခုပေးဖို့ရှိလား"

"အေ၊ အတော်ပဲ ဟိုနေ့က အပင်လာဝယ်တုန်းက သူလိုချင်တဲ့အပင်ကမရောက်သေးဘူး၊ ဒီနေ့မှရောက်လို့ အဲ့ဒါ ယူသွားပြီးပေးလိုက်နော်"

"ဟုတ်ကဲ့ hyung"

"ရော့ ဒီမှာ...
ကောင်းကောင်းသွားကြနော်"

"တာ့တာ့ hyung"
............

ဗက်စ်ကားမောင်းရင်း စတီယာတိုင်ကိုထုနေတော့ ထယ်က

"ဘယ်လိုဖြစ်နေတာလဲ၊ ဒေါသက တစ်ပိဿာနဲ့၊
သိတာပေါ့ မနေ့က မင်းမမနဲ့ပြတ်သွားလို့ စိတ်တိုနေတာ"

"မင်းဘာသိလဲ၊ ဟိုကောင်ဂျောင်ကု ဆိုင်က ဖုန်းယူသွားပြီး ငွေပြန်မထည့်ထားဘူး၊အဲ့ဒါကို စိတ်တိုနေတာ"

"အဲ့ဒါများ အချင်းချင်းကို"

"ဘာ အချင်းချင်း၊ အချင်းချင်းဆို မင်းပဲ သူ့အစားထည့်
ပေးလိုက်လေ"

"အဲ့ဒါတော့ သူ့ဘာသာသူပြန်ထည့်မှာပေါ့ မင်းကလည်း စိတ်ကြီးပဲ၊
ခဏ... ငါ့ကို ဟိုရှေ့ကစတိုးဆိုင်တစ်ချက်ရပ်ပေး"

My Orange(on going)Where stories live. Discover now