Part-11

137 7 0
                                    

Unicode

ဂျီမင်းနိုးလာတော့ ဂျွန်က ဘေးမှာရှိမနေ၊
ကုတင်ပေါ်ဆင်းပြီး ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ ရာသီဥတုကသာယာပြီ။
!မနေ့ကတော့ သဲကြီးမဲကြီးရွာထားတာ သူမဟုတ်တဲ့အတိုင်းပဲ! စိတ်ထဲရေရွတ်ပြီး အောက်ထပ်ဆင်းလာ၏၊ အပြင်ထွက်ပြီး အိမ်ပြန်ဖို့လုပ်တော့ မီးဖိုခန်းထဲမှ ဒေါ်ကြီးကထွက်လာ၏။

"သား... ဂျီမင်းလေး"

"အော်.. ...ဒေါ်ကြီး"

"ဂျွန်က ဒေါ်ကြီးကိုမှာထားတယ်၊ သားနိုးလာရင် စားဖို့တစ်ခုခုလုပ်ပေးပါဆိုလို့၊ ဒေါ်ကြီးက သားကိုစောင့်နေတာ"

"ကျွန်တော် အိမ်ပြန်တော့မလို့ ဒေါ်ကြီး"

"တစ်ခုခုစားသွားပြီးမှပြန်‌လေ သား၊ ဒေါ်ကြီးက သားအတွက်ပြင်ထားပေးပြီးစောင့်နေတာ.."

ဒေါ်ကြီးစကားကြောင့် ဂျီမင်းလည်း အားနာလာ၍

"ဟုတ် ဒေါ်ကြီး.. ဒါဆို ကျွန်တော် လက်ဖက်ရည်ပဲသောက်သွားလိုက်မယ်နော်"

"အေ အေ သား၊ ဒေါ်ကြီးပြင်ပေးမယ်၊ ထမင်းစားခန်းထဲ လိုက်ခဲ့နော်"

"ဟုတ် ဒေါ်ကြီး"

ဒေါ်ကြီးက သူ့အတွက် လက်ဖက်ရည်ထည့်ပေးပြီး မုန့်တွေလည်းချလာပေး၏။

လက်ဖက်ရည်ကိုယူသောက်လိုက်ပြီး

"‌ဒေါ်ကြီး အန်ကယ်နဲ့Jin hyungရော"

"သူဌေးကတော့ မနက်‌အစောကတည်းက အလုပ်သွားပြီ၊ သားJinကတော့ ခုဏကပဲသွားတာ"

"အော်
ဒါနဲ့ ဒေါ်ကြီး... ဂျွန်ကရော"

"ဂျွန်က မနက်အစောကြီးထပြီး အိမ်နောက်ကဥယျာဉ်က သူ့gymအခန်းမှာ gymသွားဆော့တယ်လေ"

"‌အော်"

"ဂျီမင်း ..သားအဲ့ဘက်ကိုမရောက်ဖူးသေးဘူးမလား"

"ဟုတ်"

"သွားကြည့်လေ သား..
အနောက်မှာက တိတ်ဆိတ်ပြီး သာယာတယ်
အပင်တွေနဲ့ဆိုတော့ လေကောင်းလေသန့်လည်းရတယ်
သွားပြီးရင် ဂျွန်ကိုလည်း သားပြန်တော့မယ့် အကြောင်းလေးပြောပြလိုက်ဦးပေါ့... ဒေါ်ကြီးအမြင်မှာတော့သူက သားကိုတော်တော်ခင်တဲ့ပုံပဲ"

My Orange(on going)Where stories live. Discover now