Part-17

155 7 2
                                    

Unicode

"တွယ်တာ့ကို အရင်ပြန်ပို့လိုက်ဗက်စ်"

"ငါနဲ့ နေခဲ့မလား အိုင်"

"မနေတော့ဘူး အခန်းကိုပဲပြန်တော့မယ်"

"အေ.. သတိထားဦး နင့်အကိုလိုက်လာဦးမယ်"

"အေ"

ဗက်စ်က တွယ်တာ့ကို ပို့ပေးပြီးအိုင့်ကိုပြန်ပို့ဖို့လုပ်၏။

"ဗက်စ်.. တစ်လမ်းလုံးတိတ်နေပါလား"

အိုင်က ကားမောင်းနေသည့် ဗက်စ်ဘက်ကိုကြည့်ပြီး‌ပြော
လာ၏။

"ကိုကိုက လက်မခံဘူးပြောလို့ အိုင့်ကို မချစ်ချင်တော့တာလား"

ကားမောင်းနေသည့်သူက မျက်ခုံးတွန့်ပြီးကားကိုလမ်းဘေးရပ်လိုက်၏။

"မင်းအကိုကို အနိုင်‌မပြောလာရလို့ စိတ်တိုနေတာ..
ဘယ်လိုတွေထင်နေတာလဲ"

အိုင်က မျက်နှာပျက်နေတော့

"ဘာလို့လဲ"

"ငါ့ကို မင်းလို့မခေါ်နဲ့ "

"ဒါဆိုဘယ်လိုခေါ်စေချင်တာလဲ "

"အဲ့ဒါကငါပြောစရာလား မင်းဘာသာမင်းသိရမှာပေါ့ မင်းခေါ်ချင်တာခေါ်ရမှာပေါ့ ငါ့ကိုမေးစရာလား"

"ဒါဆို ဘေဘီလို့ခေါ်ရင်ရော"

အိုင်ကရှက်သွားပြီးမျက်နှာကို တစ်ဖက်ကိုလှည့်လိုက်၏။

"ပြပါဦးရှက်သွားတဲ့မျက်နှာလေး"

"မကိုင်နဲ့"

"ကိုင်မှာပဲ ဘာဖြစ်လဲ ဘေဘီ"

"ဘေဘီလို့ခေါ်ရအောင် ငါ့ထက်အသက်ကြီး....
ဟုတ်သားပဲ ထယ်ထယ်တို့က ငါ့ထက်၃နှစ်လောက်ငယ်တယ်၊
ဂျီမင်းပြောတာကြားဖူးတယ် ဗက်စ်က သူတို့ထဲမှာအငယ်ဆုံးတဲ့"

"သူတို့ပြောတာနားယောင်မနေနဲ့...
ကိုယ်က မင်းထက်ကြီးတယ်"

"ဗက်စ် ငါ့ကို မင်းအသက်ပြော.."

"အရေးမပါတာတွေမေးမ‌နေနဲ့တော့ ကိုယ်ကမင်းထက်အသက်ကြီးတယ်လို့ပဲမှတ်ထားလိုက် ဟုတ်ပြီလား"

"မရဘူး ငါ့ကို မင်းမွေးတဲ့ခုနှစ်ပြော..."

"မသိချင်နဲ့ မင်းကကိုယ့်ထက်ငယ်တာကိုပဲသိထားပေး ကြားလား"

My Orange(on going)Where stories live. Discover now