Part-15

135 10 0
                                    

Unicode

"လူနာက မစိုးရိမ်ရပါဘူး၊ အနာကိုစချုပ်ဖို့လုပ်တုန်းကသတိရှိနေပါတယ်.. ကျွန်တော်တို့နဲ့တောင်စကားပြောနေသေးတယ်။ ဘယ်လိုဖြစ်တာလဲမေးတော့ သူ့ရည်းစားက စိတ်ဆိုးပြီးရိုက်လိုက်တာတဲ့လေ၊ ဒဏ်ရာက သိပ်မကြီးမားပေမဲ့ ၂ချက်လောက်ချုပ်လိုက်ရပါတယ်..
...သူ့ရည်းစားဆီကရတဲ့‌ဒဏ်ရာမို့လို့ ထုံဆေး မထိုးဘဲနဲ့ချုပ်ခိုင်းပေမယ့် ကျွန်တော်တို့က ဆေးထိုးပေးပြီးချုပ်‌ပေးလိုက်ပါတယ်...၊ အခုတော့ဆေးအရှိန်ကြောင့် အိပ်ပျော်နေပါတယ်၊ ခဏနေ နိုးလာပါလိမ့်မယ်...
အခုအထဲဝင်လို့ရပါပြီခင်ဗျ"

"ဟုတ်ကဲ့ ...ဆရာ
ကျေးဇူးအများကြီး​တင်ပါတယ်"

ဆရာတို့ထွက်သွားတော့ ဟိုဘီတို့က အထဲဝင်လာကြ၏။ အိုင်နဲ့တွယ်တာက‌တော့ အပြင်ထွက်ပြီးဂျီမင်းကိုသွားခေါ်၏။

.........

တစ်အိမ်လုံးအမှောင်ကျသွားတော့ ဂျွန်က အိမ်ထဲကလူကိုစိတ်ပူနေမိ၏။ ထိုလူဆီသွားရင်း လမ်း‌အကွေ့မှာ ရေးရေးလေး‌မြင်ရသောလူအရိပ်ဆီမှ လိမ္မော်သီးရနံကနှာခေါင်းထဲစူးဝင်လာ၏။  ထိုလူကိုလက်မောင်းကနေဆွဲပြီး နံရံနှင့်ကပ်ကာ နှုတ်ခမ်းကိုနမ်းလိုက်၏။ နမ်းနေရင်း စိတ်တအားထက်သန်လာတော့ ထိုလူရဲ့လည်ပင်းအထိ နမ်းနေမိ၏။ ပြီးတော့ခေါင်းကိုတစ်ခုခုဖြင့်အရိုက်ခံလိုက်သလိုမျိုး ခံစားရတော့ ခေါင်းမူးနောက်သွားပြီး လဲကျသွား၏။

ဘေးကလူတွေဆီမှ စကားပြောသံတွေကြားနေပေမယ့် ခေါင်းအရိုက်ခံလိုက်ရသည့်အရှိန်ကြောင့်မျက်လုံးကမဖွင့်ချင်၊ သူ့ကိုကားပေါ်ဆွဲတင်တာကိုသိသည်။ ပြီးတော့ သူနမ်းလိုက်သည့်သူက ဂျီမင်းဆိုတာသိလိုက်တော့ ရင်ထဲနွေးခနဲဖြစ်သွား၏။
 
ကားခုံပေါ်ခေါင်းမှီရင်း lover seatတွင်ထိုင်နေသည့် အရှေ့ကလူက မျက်ရည်ဝဲကာ အရည်လဲ့နေသောအကြည့်ဖြင့် သူ့‌ကိုလှည့်ကြည့်လာ၏။ ထိုလူကကိုယ့်ကိုစိတ်ပူနေပြီး ငိုနေတာကြောင့် စိတ်ထဲကြည်နူးမိသည်။ လက်လေးကိုကိုင်ပြီး မျက်ရည်သုတ်နှစ်သိမ့်ပေးချင်ပေမယ့် ခေါင်းကအရှိန်ကြောင့် ခန္ဓာကိုယ်က စိတ်အလိုကို မလိုက်နိုင်‌ပေ။

My Orange(on going)Where stories live. Discover now