Part-2

230 10 0
                                    

Unicode

"ဂျွန်! သားရဲ့လက်မှာသွေးတွေ"

"ဂျီမင်း သွား.ဆေးသေတ္တာသွားယူ"

"မယူချင်ဘူး"

"ပတ်ဂျီမင်း!"

အော်လိုက်သူက သူ့ဖေဖေ

ဂျီမင်းထပြီး ဆေးသေတ္တာသွားယူကာ သူ့မေမေကို သွားပေးသည်။

"ဧည့်ခန်းထဲမှာ သွားထည့်ပေးလိုက်လေ"

မင်ငယ်က မျက်မှောင်ကြုတ်ပြီး ဧည့်ခန်းထဲသွားလေသည်။

"ဂျွန်.. သားကိုကိုနောက်လိုက်သွားလိုက်‌နော်"

"ဟုတ်ကဲ့ အန်တီ"

ထွက်သွားသော ကလေးနှစ်ယောက်ကိုကြည့်ပြီးမေမေက

"ညီအစ်ကိုနှစ်‌ယောက် ချစ်ဖို့ကောင်းလိုက်တာနော်"

"အင်"

မေမေ၏စကားကို ဖေဖေနှစ်ယောက်မှ ထောက်ခံလိုက်
သည်ကြောင့်ဂျွန်မျက်နှာ မဲခနဲဖြစ်သွားသည်။

ဧည့်ခန်းထဲရောက်တော့ ဂျီမင်းကဆေးဘူးဖွင့်ပြီးထိုင်ချလိုက်သည်။ဂျွန်က ဂျီမင်းရဲ့ဘေးမထိုင်ပဲ ဆိုဖာနောက်တစ်ခုတွင်ထိုင်တော့

"မင်းကအဲ့မှာထိုင်တော့ ငါကဆေးဘယ်လိုထည့်ပေးရမလဲ၊ ဒီကိုလာခဲ့"

"ခင်ဗျားကထည့်ပေးရမဲ့လူဆိုတော့ ခင်ဗျားပဲကျွန်တော့ဘေးလာခဲ့"

ဂျီမင်းကဆေးဘူးကို ဂျွန်ရှေ့ဒုန်းခနဲမြည်အောင်ချလိုက်ကာ

"ဒီမှာဆေးဘူး၊ ကိုယ့်ဘာသာကိုယ်ကြိုက်တဲ့ဆေးထည့်လိုက်တော့ ပတ်တီးကဒီဘက်မှာ"

ဂျီမင်းကပြောပြီးလှည့်ထွက်သွားတော့ ဂျွန်ကလက်ကိုဆွဲလိုက်ပြီး

"အန်တီကခင်ဗျားကို ထည့်ခိုင်းလိုက်တာလေ"

"မင်းလက်တစ်ဖက်ကကောင်းနေတာပဲ ကိုယ့်ဘာသာပဲထည့်တော့၊ငါ စိတ်သိပ်ရှည်တဲ့အထဲမပါဘူး"

"ဂျီမင်းထည့်ပေးပြီးပြီလား"
ထမင်းစားခန်းက ထွက်လာသောမေမေမှမေးလာသည်။

"ကိုကိုကစိတ်မရှည်ဘူးတဲ့ အန်တီ"

ဂျီမင်းပြန်ပြောဖို့လုပ်ချိန် ဂျွန်ရဲ့စကားကြောင့် ဂျွန်ဆီတန်းခနဲလှည့်ကြည့်လိုက်၏။

My Orange(on going)Where stories live. Discover now