Part-18

231 8 11
                                    

Unicode

"ဝှားးး"

"ဒီနေ့တစ်နေ့လုံး သန်းနေတာ ဘာဖြစ်နေတာလဲ"
ထယ်အား ဗက်စ်ကထမေးလာ၏။

"နမ်ဂျွန်းhyung မှမရှိတာ၊ စားဖို့သောက်ဖို့က ကိုယ့်ဘာသာလုပ်ရတာဆိုတော့ ပင်ပန်းတယ်လေ၊ hyungကလည်း နယ်ပြန်မယ်ဆိုပြီး တစ်ပတ်တောင်ရှိနေပြီ အခုထိပြန်မလာသေးဘူး"

"Jin hyungလည်း ပြန်မလာသေးဘူး၊ သွားစရာရှိလို့ဆိုပြီးတော့.... Jin hyung လည်း တစ်ပတ်တောင်ရှိနေပြီ..
...ဒါမဟုတ် ၂ယောက်သား ခိုးပြေးသွားကြတာလား"

ဂျွန်ကသူ့အထင်ကိုပြောလာ၏။

"အဲ့လိုသာဆို ငါကတော့ငြင်းစရာအကြောင်းမရှိဘူး၊ ငါ့အတွက်ပိုကောင်းသွားတာပေါ့၊ ငါ့တို့အချစ်ရေးကိုJin hyung လာရှုပ်လို့မရတော့ဘူး"

ဘုတ်!
"မင်းအတွက်တော့ကောင်းပေမယ့် ငါ့အတွက်‌တော့ ငါ့ကိုဂရုစိုက်ပေးမယ့်သူတစ်ယောက် ငါ့အနားမှာမ‌ရှိတော့ဘူးပေါ့"

ဗက်စ်ရဲ့ခေါင်းကိုထယ်က တစ်ချက်အုပ်ချလိုက်၏။

"နာတယ်ဟဲ့! ခွေးသားရဲ့"

"တော်ပြီ၊ တွေ့တာနဲ့ ခွေးလိုပဲရန်ဖြစ်နေကြ.. အားကစားခန်းမသွားရတော့မယ် လာကြတော့"

ရှေ့ကသွားတဲ့ ဂျွန်နောက်ကို ထယ်နှင့်ဗက်စ်က တစ်ယောက်ကိုတစ်ယောက်ပုတ်ရင်း လိုက်ခဲ့ကြ၏။

ခန်းမရောက်တော့ လူတွေကဟိုတစ်စုဒီတစ်စုထိုင်နေကြ၏။ ဂျွန်တို့လည်း လွတ်‌နေတဲ့တစ်နေရာမှာ ထိုင်လိုက်ကြ၏။

ခဏကြာတော့ ကျောင်းသားခေါင်းဆောင်က အားလုံး‌ရှေ့ထွက်ပြီးပြောလာ၏။

"အားလုံးပဲ တစ်ဖွဲ့ကို ၅ယောက်နဲ့ နှစ်ကုန် ပရဟိတအတွက် လူစုထားကြပါ၊ ကိုယ့်နဲ့အဆင်ပြေမယ့်သူတွေနဲ့ groupဖွဲ့ပြီး ပြင်ထားကြပါ"

"ဟုတ်!!"
အားလုံးဆီကတုန့်ပြန်သံက ထွက်လာ၏။

"ဂျီမင်း.. နင်ရယ်၊ ငါရယ်၊ အိုင်ရယ်ဆို၃ယောက်ပဲရှိသေးတယ်နော်.. နောက်၂ယောက် ဘယ်ကသွားရှာရမလဲ..."

တွယ်တာတို့က စိတ်ညစ်ညစ်နဲ့ပြောနေသံကြားတော့ ကောင်လေးတစ်ယောက်က သူတို့နားကပ်လာပြီး

"ဟို.. စီနီယာ ..ကျွန်တော်စီနီယာတို့နဲအဖွဲ့'ဖွဲ့လို့ရလား"

My Orange(on going)Where stories live. Discover now