Unicode
မိဘမဲ့ဂေဟာရောက်တော့ ကားမောင်းနေတဲ့ဂျွန်က ကားထဲကလူတွေကိုကြည့်လိုက်၏။
တော်တော်ပင်ပန်းနေကြတာပဲ.. အကုန်အိပ်နေကြတယ်။
ဘေးမှာရှိနေတဲ့ ထယ်ကိုခေါ်နိုးပြီး"ထယ်ယောင်း.. ထတော့
ရောက်နေပြီ.. ကျန်တဲ့သူတွေကိုလည်းခေါ်နိုးလိုက်.. ငါအပြင်မှာ စောင့်နေမယ်"ပြောပြီးအပြင်ထွက်သွား၏။ ထယ်လည်း ကျန်တဲ့သူတွေကိုခေါ်နိုးပြီးအပြင်ထွက်လာ၏။
အကုန်အပြင်ရောက်တော့ အပျင်းလိမ်တဲ့သူကလိမ် သန်းနေတဲ့သူကသန်းနေ၏။
"ဝါးး ပင်ပန်းလိုက်တာ"
"ကားမောင်းလာတဲ့ငါ ပင်ပန်းဖို့ထားဦး..
တစ်ယောက်မှအားကိုးမရဘူး.. တစ်လမ်းလုံးအိပ်လာကြတယ်"သန်းပြီးပြောနေသော ဗက်စ်အား ဂျွန်က ပြောလိုက်၏။
"ဟုတ်တယ် ငါ့သူငယ်ချင်းပြောတာမှန်တယ် တစ်ယောက်မှအားကိုးလို့ကိုမရဘူး"
ထယ်က ဝင်ပြောလာ၏။
"အကုန်လုံးထဲမှာမင်းလည်းပါတယ်...
ဘေးမှာနေပြီးတော့မင်းကပိုဆိုးတယ်""ဟုတ်ကဲ့ပါ ဆရာကြီးရယ်၊ ..ထားလိုက်တော့ ကလေးတွေ
ဆီသွားတော့မယ်.. ဒီမှာမင်းကအဖွဲ့ခေါင်းဆောင်ဆိုတော့အနစ်နာခံရမှာပေါ့.. ပြီးတော့ ဂျူနီယာတွေလည်းပါလာတဲ့ဟာကို""အေးပါ ငါပဲမှားတယ်... ဂျူနီယာတွေပါလို့ စိတ်လျှော့လိုက်မယ်မှတ်"
"အဲ့လိုလုပ်စမ်းပါ လာ..အထဲသွားကြမယ်.."
"စီနီယာတို့ မင်္ဂလာပါ"
ဂေဟာနားရောက်တော့ သူတို့နှင့်တစ်ဖွဲ့တည်းကျသည့်ဂျူနီယာကောင်မလေးတွေက နှုတ်ဆက်လာ၏။
"စောစောရောက်လာတာပဲ.. အထဲမဝင်ထားဘဲနဲ့"
"စီနီယာတို့ကိုစောင့်နေတာ.. တူတူဝင်မလို့"
ထယ်ကခေါင်းငြိမ့်ပြလိုက်ပြီး
"သွားကြမယ်လေ"
"ဟုတ်"
အထဲရောက်တော့ ကလေးတွေကို နာမည်ကိုယ်စီမိတ်ဆက်ပေးပြီး စာသင်ပေးနေကြ၏။ နေ့လယ်ပိုင်း ကလေးတွေအိပ်တော့ စာအုပ်စီသူကစီ၊သန့်ရှင်းရေးလုပ်သူကလုပ်နှင့် ညနေရောက်တော့ပြန်လာခဲ့ကြသည်။
YOU ARE READING
My Orange(on going)
FanfictionOrange means"Eternal Love"🍊 (Uni+Zawgyi) Jikook၊Vope ၊Namjin ၊Suga #BL #GL