Part-4

157 8 0
                                    

Unicode

ဂျီမင်းကျောင်းရောက်တော့ အခန်းထဲမှာ တွယ်တာ့ကိုတွေ့သည်။ သူမကဘူဆန်မှာကတည်းက သိခဲ့သည့်သူငယ်ချင်းဖြစ်သည်။ သူမပြောသည်က သူမကမြန်မာနိုင်ငံကတဲ့၊ ပြီးတော့ကိုးရီးယားမှာ ကျောင်းတက်ရင်းအချိန်ပိုင်းအလုပ်‌လုပ်နေတာလေ။ ဂျီမင်းကျောင်းပြောင်းမယ်ပြောတော့ သူမလည်း လိုက်ပြောင်းလာလိုက်၏။ ကျောင်းမှာ ကိုယ်နဲ့သိတဲ့ လူရင်းရှိတော့ အဆင်ပြေတယ်လေ။

ဂျီမင်းကိုတွေ့တော့ တွယ်တာကပြေးဖက်ပြီး

"အဟီး ဂျီမင်း ငါ့သူငယ်ချင်းလေး၊ စောင့်နေတာ အခုမှရောက်လာတယ် အားနည်းတဲ့သူငယ်ချင်းမိန်းကလေးတစ်ယောက်တည်း ရှိတာကို အဖော်ပြုပေးဖို့ စောစောလာမယ်မရှိဘူး၊ ဘယ်သူ့ကိုသွားရှိုးနေလဲပြော "

" ငါ့မှာဒီလောက်ချောပြီးချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်လုံးရှိတာ ဘယ်သူ့ကို သွားရှိုးရမှာလဲ "

" တော်လောက်ပြီ မရွဲနဲ့၊ ပြန်ရင်ငါ့ကိုပါခေါ် သွား "

" ဒီနေ့အချိန်ပိုင်းအလုပ်မရှိဘူးလား "

" ဒီနေ့ အသိတစ်ယောက် အစားယူထားပေးတယ် "
ဂျီ‌မင်းရဲ့ရှေ့က ခုံတွင်ထိုင်ပြီး ပြောနေ၏။

ဂျွန်က ဂျီမင်းတို့အတန်းရှေ့က ဝရံတာကိုမှီပြီး ဂျီမင်းတို့ကိုမှုန်ကုပ်ပြီး ကြည့်‌နေသည်။ ဟိုကောင်မလေးက ဂျီမင်းကို ပြေးဖက်ပြီး ဂျီမင်းလည်း ဘာမှမတားပဲ တရင်းတနှီးစကားပြန်ပြောနေတာသူတွေ့သည်။ ကိုယ်ကသားလိမ္မာလေးဆိုတော့ လူကြီးတွေက သူ့ကိုကြည့်ပေးပါဆိုလို့ စကားကိုနား‌ထောင်ပြီး ကြည့်ပေးနေတာ။ ဖြစ်နိုင်ရင်ကြည့်ကိုမကြည့်ချင်တာ။

ဂျီမင်းနဲ့တွယ်တာ အခန်းအပြင်ထွက်လာတော့ ဂျွန်ကိုတွေ့သည်။ ဂျီမင်း သူ့ကိုတွေ့တော့ မသိတဲ့လူလို ပဲ တစ်ချက်လှည့်ကြည့်ပြီး တွယ်တာနှင့် မုန့်ဝယ်ဖို့လိုက်သွားလိုက်သည်။

ဂျွန်၊ ဂျီမင်းကိုတွေ့ပြီး အံကြိတ်ထားကာ ‌တောက်ခေါက်လိုက်သည်။ဂျီမင်းနဲ့တွယ်တာပြန်လာတော့

"ဂျီမင်း နင်အရင်သွားလိုက်နော်၊ ငါ အိမ်သာဘက်ခဏသွားလိုက်ဦးမယ်။"

My Orange(on going)Where stories live. Discover now