Part-3

177 9 0
                                    

Unicode

ဧည့်ခန်းထဲတွင်ထိုင်ရင်း ကားသံကြားတော့ အိမ်အရှေ့ထွက်ကြည့်လိုက်သည်။ ထွက်လာသူက Jin hyung မဟုတ်ပဲ ဒယ်ဒီ‌ဖြစ်နေ၏။

"ဂျွန် ဘာဖြစ်လို့လဲ..၊ သားအကိုရောပြန်ရောက်ပြီလား"

"မရောက်သေးဘူး‌ ဒယ်ဒီ"

"အော် အေ၊ဒီမှာသားအကိုအတွက် နာရီ၊ ဒီနေ့သူ့ကြောင့်နိုင်ငံခြား ကုမ္ပဏီနဲ့လက်မှတ်ထိုးတာ ‌အဆင်ပြေခဲ့လို့၊လက်ဆောင်ဝယ်ပေးတာ..
သားအကိုပြန်လာရင်ပေးလိုက်နော်၊ ဒယ်ဒီသွားနားတော့မယ်"

"ဟုတ် ဒယ်ဒီ"

ဒယ်ဒီက ခုံပေါ်တင်ပြီးအပေါ်တက်သွား၏။

ဧည့်ခန်းထဲတွင်ထိုင်စောင့်ရင်း မှောင်စပြုလာသည်အထိပြန်မလာသေးတော့ hyungဆီဖုန်းခေါ်လိုက်၏။

"ဟယ်လို hyung၊ .....hyungဘယ်မှာလဲ"

"‌seven ကော်ဖီဆိုင်မှာလေ
ဘာဖြစ်လို့လဲ.. ဂျွန်"

"hyungကိုအ‌ရေးကြီးပေးစရာရှိလို့...
ကျွန်တော်hyungဆီလာခဲ့မယ်"

"အေ.. အေ
...hyungတို့စောင့်နေလိုက်မယ်လေ"

ဂျွန်ရောက်သွားတော့ ဆိုင်အပြင်တွင် Jin hyung နှင့်ထိုင်ပြီးမျက်နှာချင်းဆိုင်စကားပြောနေသောသူအား တွေ့ရ၏။ ထိုဆီလျှောက်သွားပြီး ခုံပေါ်စက္ကူလက်ကိုင်အိတ်လေးတင်ပေးလိုက်၏။

"hyungအတွက်. ဒယ်ဒီပေးခိုင်းထားတဲ့ဟာ"

"အဲ့ဒါ အိမ်မှာလည်းပေးလို့ရတဲ့ဟာ"

"ပြန်ရောက်တဲ့အချိန် ကျွန်တော်မရှိနေမှာစိုးလို့"

"အော်အေ၊ ထိုင်ဦးလေ။ ကော်ဖီသောက်ဦး"

"hyungမှာထားပေးတာ၊ အခုပဲလာပို့သွားတာ"

ခွက်က Jin hyungဘေးနားမှာရှိ‌နေပေမဲ့ သူကဂျီမင်းဘေးကခုံတွင်ဝင်ထိုင်လိုက်တော့ ဘေးကလူက သူ့ကိုလှည့်ကြည့်လာ၏။ သို့ပေမယ့် မသိချင်ယောင်ဆောင်ကာလှည့်မကြည့်ပေ။

Jin hyung ဘေးကကော်ဖီခွက်ကိုယူပြီး

"hyungတို့ ဒါပြီးရင်ပြန်တော့မယ်မလား"

"မပြန်သးဘူး၊ ဂျီမင်းကို ပန်းဆိုင်လိုက်ပို့ပေးရဦးမယ်"

"အော်"

My Orange(on going)Where stories live. Discover now