Part-8

127 8 0
                                    

Unicode

"နဲခို... နဲခိုလေးရေ"

"မေမေ နဲခိုဘာဖြစ်နေတာလဲမသိဘူး.. အစားလည်းသိပ်မစားဘူး၊အခုလည်းမှိုင်မှိုင်ထွေထွေနဲ့၊ ညနေကြရင်တိကုဆီသွားပြလိုက်မယ်နော်"

နဲခို‌ကိုချီပြီး ဟင်းချက်နေတဲ့ မေမေ့အနားမှာပြောနေ၏။

"အခုတ‌လော၊တစ်နေကုန် အိပ်ပဲအိပ်နေတာ သွားပြလိုက်တာကောင်းတယ်၊ ဂျောင်ကုနဲ့သွားလိုက်ပါလား"

"သူ့ကိုမခေါ်ပါဘူး၊ကိုယ့်ဘာသာပဲသွားမှာပေါ့.. သူနဲ့စကားပြောရတာမကောင်းဘူး၊စိတ်ကလည်းမရှည်ဘူး ဘယ်လိုလူမှန်းမသိပါဘူး"

"သားကအကြီးပဲ စိတ်လျော့ထားပေးရမှာပေါ့"

"မလျော့ပေးနိုင်ပါဘူး၊ သူနဲ့‌တွေ့ရင်ရန်ပဲဖြစ်နေရတယ်"

"အခုတော့လည်း တစ်မျိုးနော်၊ငယ်ငယ်ကတော့ ဂျောင်ကုတို့မိသားစု ဘူဆန်ကနေပြောင်းသွားတော့ ဂျောင်ကုကိုသတိရပြီး ထမင်းစားလည်းမဝင်၊အိပ်လည်းမအိပ်ပဲ တနေကုန်ထိုင်ငိုနေပြီးဖျားသွားတာ ဘယ်သူတုန်း"

"မေမေကလည်း အဲ့ဒါကျွန်တော်မဟုတ်ဘူး"

"အခုမှလာပြီး ကျွန်တော်မဟုတ်ဘူးတဲ့"

"မေမေ အဲ့ဒါကိုလွမ်းနာကျတယ်လို့ခေါ်ရမလား"

"hyung!"

ယွန်းဂီက မီးဖိုချောင်ခန်းထဲဝင်လာပြီးပြောတော့ ဂျီမင်းက အော်လိုက်၏။

ဂျီမင်းအော်တော့ ယွန်းဂီက သူ့မူပိုင်အပြုံးဖြစ်တဲ့ သွားပေါ်သည်အထိပြုံးလိုက်ပြီး

"အခု နဲခိုဖြစ်နေတာလည်း အဲ့ဒါပဲဖြစ်မယ် လွမ်းနာကျနေတာလေ"

"ဘာလွမ်းနာကျတာလဲ နေမကောင်းဖြစ်တာကို မသိပဲနဲ့"

"နဲခိုက သူ့ဘဲနဲ့သူ သွားသွားချိန်းနေတာကို မင်းက မသွားစေချင်လို့ အိမ်ထဲမှာပဲပိတ်ထားတာကို"

"hyung ဘာသိလဲ သူကငယ်ငယ်လေးပဲရှိသေးတာ၊ရည်းစားမပေးထားနိုင်ပါဘူး"

"အဲ့ဒါနဲ့ပဲ သူ့ရည်းစားနဲ့သူ တမြောင်မြောင်သွားလုပ်တိုင်း သွားသွားခေါ်လာတာပေါ့"

My Orange(on going)Where stories live. Discover now