တိုက်တိုက်ဆိုင်ဆိုင် သူမသည်နန်းတော်သို့ထပ်မံဖိတ်ကြားခြင်းခံရသည်။လီချာသည်ဘိုင်စုရင်ကိုတကယ်သဘောကျပြီး သူမသည်ထိုနတ်သမီးလေးလိုမိန်းကလေးနှင့်အချိန်ဖြုန်းရတာနှစ်သက်သည်မှာမယုံကြည်နိုင်လောက်အောင်ကိုပါပဲ။
"မင်းသမီးလေး...တို့မင်းရဲ့လေးယောက်မြောက်အကိုစီကိုသွားလည်လို့တော့ရလောက်တယ်မလား..?
"လေးယောက်မြောက်အကိုတော်စီ...?"
သူမသည်လီချာကိုပြုံးပြလိုက်တော့ လီချာသည်ဆိုးသွမ်းစွာရယ်လိုက်ပြီး
"မမ သွားလည်လို့တော့ရပါတယ် ဒါပေမဲ့မြန်မြန်တော့ပြန်လာရမယ်နော်။မဟုတ်ရင်အိမ်ရှေ့စံအကိုတွေ့သွားရင်သဝန်တိုနေဦးမယ်"
သူမခေါင်းကိုလေးလံစွာပဲညိတ်ပြလိုက်ရတော့သည်။
လုခိုင် ၊မိန်းမစိုးဆိုးနဲ့ဂျင်းအာဟာသူမနဲ့အတူလိုက်လာခဲ့ပြီး လီဟန်ကိုသူမတို့လေ့ကျင့်ရေးကွင်းထဲမှာတွေ့လိုက်ရသည်။သူသည်အထီးကျန်ဆန်နေကာ အရမ်းကိုသနားစရာကောင်းသည့်ပုံပေါက်နေတော့သည်။
လီဟန်၏အကြောင်းမှန်သမျှသည် ဟန်ဆောင်ထားခြင်းသာဖြစ်ပြီး ဥပမာသူရဲ့ညံ့ဖျင်းလွန်းတဲ့ကိုယ်နေဟန်ထားက ငှားရမ်းထားတဲ့ကြောင်တောင်တောင်စစ်သည်အသစ်တွေနဲ့တောင်နိှုင်းယှဥ်လို့ရတယ်။ သူ့အစစ်အမှန်ကိုသူဖုံးကွယ်ဖို့အရမ်းကြိုးစားနေတာပဲ။
လာနောက်နေတာလား? သူကဇာတ်လိုက်ဆိုပေမဲ့ မသေမျိုးမှမဟုတ်တာ!..အခုမှအအေးမိတာပျောက်ခါစကို ဘာလို့သူ နားမနေတာလဲ?
.
လီဟန်သည်သူမတို့တည်ရှိမှုကိုသတိထားမိသွား
သည့်အချိန်မှာတော့ စက္ကန့်အနည်းငယ်လောက်ခဏ
ရပ်သွားပြီး ပြီးသည်နှင့်သူ့ဓားကိုဆက်ပြီးလွှဲယမ်းနေတော့သည်။လီဟန်သည်ပို၍အားနဲ့လွှဲလာကာ သူဓားချက်တိုင်းတွင် သူ၏ဒေါသနှင့်စိတ်ပျက်အားငယ်မှုတို့ကထင်ဟပ်နေတော့သည်။သူမသူ့စီသို့ဖြေးဖြေးချင်းလျှောက်သွားတော့သည်။
လီဟန်သည်ချွေးထွက်နေကာ သူ သူမကိုဖျက်ကနဲ့
တွေ့သွားပြီးစူးစိုက်မကြည့်နေခင်အချိန်အထိအသက်ကိုခက်ခက်ခဲခဲရှုရှိုက်နေရသည်။
YOU ARE READING
ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)
Historical FictionI don't own any part of this novel. I just translate it to myanmar.