"ဘိုင်စုရင် မင်းဘာလို့ဒီလောက်ထိရက်စက်ရတာလဲကွာ.."
လီဟန်သည်တိုးလျသောလေသံလေးဖြင့်တီးတိုးပြောလိုက်တော့၏။
"လီဟန်!"
နောက်တစ်စက္ကန့်အကြာမှာတော့ လီဟန်သည်
ဘိုင်စုရင်၏ထီးနှင့်အတူမြေပြင်ပေါ်သို့ပစ်တွန်းခြင်းခံလိုက်ရတော့သည်။စိတ်ရှုပ်ထွေးသွားကာ အားနည်းနေသည့်လီဟန်သည်သူ၏သွားများကိုအံတင်းတင်းကြိတ်ရင်းလီရူကိုစိုက်ကြည့်နေပြီး သူ၏ဖြူဖျော့နေသည်နှုတ်ခမ်းပါးမှာတော့လီရူ၏ထိုးချက်ကြောင့်သွေးထွက်နေ၏။"မင်းဘယ်လိုတောင်ငါ့မိန်းကလေးကိုကြည့်ရဲရတာလဲ!"
လီရူသည်သွေးတွေပွက်ပွက်ဆူအောင်ဒေါသထွက်နေပြီး အစောင့်များနှင့်မိန်းမစိုးအခြွေအရံများလည်း အိမ်ရှေ့စံကိုမတားရဲကြချေ။
ဒါပေမဲ့ ဂျင်းအာသည်ရှေ့သို့လျှောက်လာကာ သူမရဲ့အသံအကျယ်ကြီးသည်လည်းထွက်ပေါ်လာသည်။
"သခင်မလေး တုန်နေပြီ!"
.
ထိုကြောင့်လီရူသည် သူ့ခြေလှမ်းတွေကိုရပ်လိုက်ကာ လီဟန်ကိုဂရုမစိုက်တော့ဘဲ ဘိုင်စုရင်စီသို့သွားတော့သည်။ လီရူသည် အစေခံတွေကိုအော်ဟစ်နေရင်းဘိုင်စုရင်ကိုသူ၏အနက်ရောင် အနွေးထည်အထူကြီးဖြင့်သူမကိုခြုံပေးပြီး သူမ၏ခေါင်းပေါ်မှာတော့ ထီးအသစ်တစ်ချောင်းဖြင့်ကာပေးထားလေသည်။
""စတုတ္ထမင်းသားကိုလေ..."
သူမ၏အသံတွင်စိုးရိမ်သည့်အရိပ်အရောင်များပါဝင်နေအောင်မနည်းကြိုးစားလိုက်ရတယ်။ ခုနကလီဟန်ကိုပြောသည့်လေသံနှင့်တစ်ခြားစီဖြစ်နေကာ လှောင်ပြောင်နေသည့်အသံနေအသံထားလည်းမရှိတော့ချေ။
"လီရူ ကျေးဇူးပြု၍ စတုတ္ထမင်းသားကိုအပြစ်မပေးပါနဲ့နော်..."
ဒါကပဲလီရူပိုဒေါသထွက်စေသွားပြီး
"မိန်းကလေးဘိုင် မင်း..""နော်လို့ အရှင်မင်းသား သူကအခုထိအရှင့်သားရဲ့ညီဖြစ်နေတုန်းလေ သူ့ကိုအပြစ်မပေးလိုက်ပါနဲ့နော်"
သူမ၏ခန္ဓာကိုယ်သည်လည်း တဖြေးဖြေးအားနည်းလာတော့သည်။
လီရူသည်ထိတ်လန့်သွားကာ သူမကိုသူ့လက်မောင်းတွေကြားဆွဲသွင်းလိုက်ပြီး သတို့သမီးကိုပွေ့ချီသလိုမျိုး သူမကိုအလျှင်အမြန်ချီလိုက်သည်။
"
"စိတ်မပူပါနဲ့ မိန်းကလေးဘိုင်"ပြောပြီးသည်နှင့်လီရူသည်ခေါင်းကိုလီဟန်ဘက်သို့လှည့်လိုက်၍
"ထတော့ မိန်းကလေးဘိုင်ရှိနေလို့မင်းကံကောင်းသွားတယ်မှတ်...ငါမင်းရဲ့မျက်နှာကိုထပ်မမြင်ရစေနဲ့"
သူမတို့ဥယျာဥ်ထဲက မထွက်ခင် သူမလီဟန်ကိုကြည့်လိုက်တော့ သူသည်စိုစွတ်နေသည့်မြေပြင်ပေါ်မှာပဲရှိနေသေးပြီး သူမတို့ကိုသူရဲ့နက်ရှိုင်းမဲမှောင်နေသည့်မျက်ဝန်းအစုံနဲ့စိုက်ကြည့်နေသည်။
—နောက်တစ်နာရီအကြာမှာတော့ ဘိုင်စုရင်သည်ထိုင်ခံပေါ်မှာထိုင်နေရပြီးသူမဘေးမှာတော့စိတ်ပူနေသည့်လီချာဟာထိုင်နေ၏။ အစေခံတွေသည် ဘိုင်စုရင်ဝတ်ဖို့အဖြူရောင်ဝတ်စုံနဲ့ သူမ၏နုနယ်လွန်းသောခန္ဓာကိုယ်ကိုအအေးဒဏ်မှတားဆီးရန်အတွက် ထူထဲလွန်းသည့်အဖြူရောင်အနွေးထည်ကို ဝတ်ဆင်စေသည်။
အစေခံတွေသည်သူမဆံပင်ကိုခြောက်ဖို့ကူညီပေးပြီး
လိပ်ပြာဆံညှပ်တွေနှင့်သူမဆံပင်ကိုပြင်ဆင်ပေးတော့သည်။သူမလက်ထဲက စံပယ်အနံ့စလက်ဖက်ရည်ပူပူလေးကြောင့် သူမပြုံးလိုက်မိသည်။
"ကျေးဇူးပါပဲနော်..."
"မိန်းကလေးဘိုင် မင်းကအရမ်းသဘောကောင်းလွန်းတယ် မင်းလူတွေရဲ့မကောင်းတဲ့ဘက်အခြမ်းကိုလည်း မင်းမသိဘူး။ မင်းကအရမ်းဖြူစင်လွန်းလို့ တစ်ချို့လူတွေကဒါကိုအခွင့်ကောင်းယူသွားရင်ဘယ်လိုလုပ်မလဲ လူတိုင်းကမင်းရဲ့ဂရုစိုက် ၊ကြင်နာခြင်းနဲ့မထိုက်တန်ဘူးလေ"
လီရူသည်သူမတို့ရှေ့မှာထိုင်နေကာ နဖူးကတွန့်ချိုးနေပြီး ဒီခန္ဓာကိုယ်အပေါ် သူ့ရဲ့နှစ်သက်မှုဖော်ပြနေသည်။
ဇာတ်လိုက်မလိုမဟုတ်ဘဲ ဘိုင်စုရင်သည်နတ်သမီးတောင်ရှုံးလောက်သည့်အလှကိုမပိုင်ဆိုင်ပေမဲ့လည်း
ရုပ်တော့မဆိုးပေ။သူမရုပ်ရည်သွင်ပြင်သည် ရိုးရိုးရှင်းရှင်းလေးသာဖြစ်ပြီး ဒုတိယအကြိမ်ထပ်ကြည့်ဖို့ကိုတောင်မထိုက်တန်ပေ။သူမမှာ အလွယ်တကူမေ့ပျောက်နိုင်သောမျက်နှာမျိုးရှိပြီး သာမန်သာဖြစ်သည်။လူတိုင်းသူမရဲ့ရုပ်ရည်ကိုမမှတ်မိချင်း မှတ်မိဖို့အချိန်ယူကာကြည့်ခဲ့ရသည်။သူမ၏မျက်လုံးအစုံသည်မြေပြင်ပေါ်မှာသာရှိပြီး
"ဒါပေမဲ့ စတုတ္ထမင်းသားကအရမ်းသနားဖို့ကောင်းတယ်လေ" သူမအသံကိုသေးငယ်အောင်ပြုလုပ်၍
သူမ၏လေသံကတော့တုန်ယင်နေကာ အကူအညီမဲ့နေ၏။
YOU ARE READING
ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)
Ficción históricaI don't own any part of this novel. I just translate it to myanmar.