(12)ကတိပေးတယ်

225 30 0
                                    

translator-hazel

ဒီလိုနဲ့ဇာတ်လိုက်ကိုတန်အင်ပါယာသို့ပို့မည့်နေ့သို့ရောက်လာတော့သည်။

.
အင်ပါယာ၏မင်းသာတစ်ဦးအနေဖြင့် အနိုင်ကျင့်ခံရသောမင်းသားပင်  မင်းသားတစ်ပါးဖြစ်နေသေးသည့်အတွက်  လီဟန်အား ရာနှင့်ချီသောစစ်သားတွေကိုသူ၏အစောင့်တွေအဖြစ်ပေးအပ်ခြင်းခံရကာ သွားရမည့်နေရာသို့ဘေးကင်းစွာရောက်သည့်အချိန်အထိ အကာအကွယ်ပေးကြတော့သည်။

မြို့တော်ကြီးသည်လူစည်ကားသိုက်မြိုက်နေပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီမှာတော့ လူအသီးသီးစုနေကြတော့သည်။ ဘာလို့လဲဆိုတော့ လူ့အုပ်ကြီးသည် လေးယောက်မြောက်မင်းသားပြန်မလာနိုင်မည့် ရာခိုင်နှုန်းက မြင့်မားတာကြောင့်"အနိုင်ကျင့်ခံရတဲ့ ခွေးမင်းသားကို"နောက်ဆုံးအကြိမ်အဖြစ် ကြည့်ဖို့ဆန္ဒရှိကြသည်။

သေချာတာပေါ့ ဗီလိန်မတစ်ယောက်အနေနဲ့ သူမရဲ့ဇာတ်ကောင်နေရာမှာ သေချာသရုပ်ဆောင်နိုင်ဖို့လည်းလိုအပ်တယ်လေ

.
လေးယောက်မြောက်၏စီတန်းနေသောယာဥ်နဲ့လူများသည် ဝန်ကြီးချုပ်၏ရထားလုံးမြင်သည့်အခါမှာတော့ရပ်တန့်သွားကြတော့သည်။

လီရူ သူမစီသို့ပြေးလာသည့်အခါမှာတော့ ဘိုင်စုရင်လည်းရထားလုံးထဲကထွက်လာခဲ့လိုက်သည်။

လီရူသည် သူရဲ့ညီအစ်ကိုကောင်းကို တန်အင်ပါယာသို့ ပို့ဆောင်ရန်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်ဖြစ်သည်။

"တို့စတုတ္ထမင်းသားကိုနှုတ်ဆက်ချင်ရုံလေးပါ.."

"ဒါက"

"အိမ်ရှေ့စံမင်းသား ကျေးဇူးပြု၍ ဒါကနောက်ဆုံးအကြိမ်ဖြစ်နိုင်တဲ့အတွက် တို့သူ့ကိုတွေ့ချင်လို့ ပြီးတော့စိတ်လည်းပူလို့ပါ"
.
မလိုလာခြင်းတွေကို သူ့မျက်နှာပေါ်တွင်ရေးထားသော်လည်း လီရူသည်မကျေမနပ်ဖြင့်ခေါင်းကိုသာငြိမ့်ပြလိုက်တော့သည်။ အိမ်ရှေ့စံမင်းသား၏အမိန့်အတိုင်း လီဟန်သည်ရထားလုံးထဲကထွက်လာတော့သည်။

.
ရင်းနှီးနေကြ စူးရှသည့်မျက်လုံးအစုံ၊မြင့်မားကာ
ဖြောင့်တန်းနေသည့်နှာတံ၊အချိုးကျကာထင်းနေသည့်မေးရိုးနှင့် လီဟန်သည် အုံမိှုင်းနေကာ ခြိမ်းခြောက်နေသောအရှိန်အဝါပြင်းပြင်းကိုထုတ်လွှတ်နေပြီး ထုံးစံအတိုင်းအမဲရောင်ဘရိုကိတ်ကိုသာဝတ်ဆင်ထားသည်။

သူမ သူ့စီသို့လျှောက်သွားကာ သူမ၏လက်သုတ်ပဝါကိုထုတ်လိုက်တော့သည်။ မျက်လုံးပေါင်းမြောက်များစွာသည်သူမတို့အပေါ်မှာသာတည်ရှိနေပြီး သူမသည် သူ့မျက်နှာတစ်ဖက်က မရှိသည့် ချွေးတွေကို
ငြင်ငြင်သာသာလေးသုတ်ပေးလိုက်တော့သည်။

"အရှင်မင်းသား ခရီးလမ်းလုံခြုံပါစေလို့တို့ဆုတောင်းပေးလိုက်ပါတယ်နော်.."

လီဟန်သည် သူမကိုရှည်လျားကြာမြင့်စွာစိုက်ကြည့်နေပြီး မသိရင်သူမမျက်နှာကိုမမေ့သွားအောင် အလွတ်ကျက်နေသလိုမျိုး သူမမျက်နှာပေါ်ရှိအမူအရာမှန်သမျှကို သူဟာနီးနီးကပ်ကပ်နဲ့ပေါက်ထွက်မတက်ကြည့်နေတော့သည်။ပြီးမှလီဟန်သည်အလျင်မလိုပဲသူမကိုတစ်လုံးချင်းပြောလာတော့
သည်။

"မင်းဒါကိုနောင်တရလိမ့်မယ်..."

သူမ ဘာတွေလုပ်ခဲ့သလဲ ဒါမှမဟုတ် သူ့ကိုလူတိုင်း၏တစ်ခုတည်းသောပစ်မှတ်ဖြစ်အောင်လုပ်ခဲ့သမျှကို သူသိပြီးသွားမှန်း သူမထင်ပါတယ်။ ဒီတစ်ခါတော့ဇာတ်လိုက် လီရူရဲ့မနာလိုသဝန်တိုမှုကို သူဘယ်လိုဖြေရှင်းမလဲ သူမသိချင်သေးတယ်။

စိတ်ထဲမှာသာလှောင်ပြုံးပြုံးလိုက်ရင်း

"တို့ကဘာကိုနောင်တရရမှာလဲ?"

"မင်းဒီလောက်ထိတောင် ငါသေသွားတာကိုလိုချင်နေတာလား"

သူမ၏တောက်ပကြီးမားသည့်မျက်လုံးတွေကိုတစ်ဖျက်ဖျက်ခတ်လိုက်ရင်း သူမရဲ့အဖြူစင်ဆုံးအပြုံးလေးဖြင့်သာ သူ့ကိုပြုံးပြလိုက်တော့သည်။

လီဟန်သည်  ဆတ်ဆတ်ထိမခံနိုင်အောင်ခက်ထန်လာကာ အံကိုတင်းတင်းကြိတ်လိုက်ရင်း

"ဒါဆို မင်းဖြစ်ချင်နေတဲ့အတိုင်း ငါစစ်သွားတိုက်မယ် ဒါပေမဲ့ အကယ်လို့ငါသာမင်းနေရာမှာဆိုရင် ဒီမင်းသားဘယ်တော့မှပြန်မလာနိုင်ဖို့ကိုသာဆုတောင်းလိုက်မှာ  ဘာလို့လဲသိလား အကယ်လို့ ငါသာအသက်ရှင်လျက်ပြန်လာနိုင်ခဲ့ရင် ငါ လီဟန် မင်းကိုဝါးစားပြစ်မှာမို့လိုပဲ .."

ပထမဦးဆုံးအကြိမ်အဖြစ် သူမထိတ်လန့်သွားပြီး သူ့ကိုကြောက်လန့်တကြားဖြင့်သာသူမစိုက်ကြည့်မိသည်။

"ဘိုင်စုရင် ငါမင်းရဲ့အရိုးတွေကိုဖြည်းဖြည်းချင်း ကိုက်ပြီး  မင်းရဲ့အစိတ်အပိုင်းမှန်သမျှကိုမြိုချပစ်မယ်လို့ငါကတိပေးတယ်.."

ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)Where stories live. Discover now