translator--hazel
ဧည့်သည်တွေမရှိတော့သည့်အချိန်မှာတော့ လုခိုင်သည်ရှေ့သို့တိုးလာကာ သူမဖျားနာနေသည့်လွန်ခဲ့သည့်နှစ်ရက်အတွင်းနန်းတော်မှာဖြစ်ပျက်ခဲ့သမျှကို အစီအရင်ခံတော့သည်။
"အိမ်ရှေ့စံမင်းသားနဲ့တစ်ခြားမင်းသားတွေကဒီအခွင့်အရေးကိုအသုံးချပြီး လေးယောက်မြောက်မင်းသားကိုပိုမိုခက်ခဲအောင်ပြုလုပ်နေကြပါတယ် ပြီးတော့သခင်မလေးဖျားတာကလည်း သူ့ကြောင့်ဆိုပြီးဝိုင်းပြီးအပြစ်တင်နေကြတယ်။"
သူမလက်ဖက်ရည်ကို ဖြည်းဖြည်းချင်းစီစုပ်သောက်လိုက်၏။
"လေးယောက်မြောက်မင်းသားရဲ့အခြေအနေကလည်း သိပ်မကောင်းတော့ပါဘူး ခုနှစ်ယောက်မြောက်မင်းသမီးလေးက သခင်မလေးဖျားနေတာကြောင့် သူမကသခင်မလေးကိုခေါ်လို့မရ၍ အထီးကျန်နေတယ်ဆိုပြီး ဧကရာဇ်မင်းကိုတိုင်တန်းလိုက်၍ ဧကရာဇ်မင်းသည် လေးယောက်မြောက်မင်းသားကြောင့် သခင်မလေးဖျားနားသွားတာကို သိရှိသွားသည့်နောက်မှာတော့ လေးယောက်မြောက်မင်းသားကြောင့်ပို၍မပျော်မရွှင်ဖြစ်သွားပြီး လာမဲ့အပတ်မှာ လေးယောက်မြောက်မင်းသားကို တန်အင်ပါယာကိုပို့ဖို့စီစဥ်နေပါတယ်"
သူမခေါင်းကိုငြိမ့်ပြလိုက်၍ လုခိုင်ကိုနန်းတော််သို့လျှို့ဝှက်စွာပြန်သွားဖို့ အမိန့်ပေးလိုက်သည်။
ဂျင်းအာသည် သူမကိုထူးဆန်းသလိုကြီး စိုက်ကြည့်နေတာကိုသူမသတိထားမိပါတယ်။
"တို့ကို ဘာပြောချင်လို့လဲ"
"သခင်မလေး ဂျင်းအာ ခုနစ်ယောက်မြောက်မင်းသမီးလေးရဲ့အလောင်အစားကိုဂရုမစိုက်သလို လေးယောက်မြောက်မင်းသား နာကျင်ဒုက္ခရောက်နေတာကိုလည်းဂရုမစိုက်ဘူး "
ဂျင်းအာသည် သူမလက်ကိုကိုင်လိုက်ရင်း
"သခင်မလေးတစ်ယောက်တည်းကိုသာ ဂျင်းအာဂရုစိုက်တာပါ"
သူမပြုံးလိုက်သည့်အခါမှာတော့ ဂျင်းအာသည်နှုတ်ခမ်းကိုပိုစူလိုက်ရင်း
"ပြီးတော့ သခင်မလေးဖျားနာမှာကိုလည်း ဂျင်းအာမကြိုက်ဘူး ဘာလို့လဲဆိုရင် သခင်မလေးဖျားတဲ့အခါတိုင်း သခင်မလေးကတစ်ခြားလူလိုမျိုးပဲ ပြောင်းလဲသွားတာ"
YOU ARE READING
ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)
Historical FictionI don't own any part of this novel. I just translate it to myanmar.