translator-hazel
သူမလက်ကိုပြန်ရုတ်သိမ်းဖို့ကြိုးစားလိုက်သည့်အခါမှာတော့ လီဟန်သည်သူမ၏လက်ကိုချက်ချင်းဖမ်းကာ ကိုက်ချလိုက်တော့သည်။ဘိုင်စုရင်သည်ကြောက်လန့်သွား၍
"အ!..."
လီဟန်သည် သူမ၏အရေပြားထဲကိုသူ့သွားများထိုးဖောက်ဝင်ရောက်သည့်အထိ ပြင်းထန်စွာကိုက်ခဲနေကာ နက်နဲလွန်းသဖြင့်သူမလက်ကသွေးတွေစီးကျလာတော့သည်။ကိုက်ခံရသဖြင့့် သူမလက်က အဖြူရောင်လက်ကိုင်ပဝါကို အောက်သို့လွှတ်ချလိုက်မိပြီး သူမလက်က အသဲခိုက်အောင်စူးရှနာကျင်လွန်းမှုကြောင့် သူမမျက်လုံးကိုမှိတ်ချပစ်လိုက်ရ၏။
ဒါတွေအားလုံးသည်စက္ကန့့်အနည်းငယ်အတွင်းမှာဖြစ်ပျက်သွားပြီး လူတိုင်းမတုံပြန်နိုင်ခဲ့သလို ဂျင်းအာနဲ့သူမရဲ့အစောင့်နှစ်ယောက်တောင်မတုံ့ပြန်နိုင်ခဲ့ဘူး။
လီဟန် သူမလက်ကိုလွှတ်လိုက်သည့်အချိန်မှာတော့ သူမသူ့ကိုငေးကြည့်နေရုံသာတတ်နိုင်တော့သည်။
ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သိလိုက်ရဖို့သူမအချိန်တော်တော်ယူလိုက်ရတယ်။လီရူသည်ထိတ်လန့်ရာကနေ သတိပြန်ရလာသည့်အခါမှာတော့ သူသည်ဒေါသတကြီးဖြင့် လေးယောက်မြောက်မင်းသားကိုဖမ်းချုပ်ထားရန်အစောင့်တွေကိုအော်ဟစ်အမိန်ပေးတော့၏။ဘယ်လိုပဲဖြစ်ဖြစ် လီဟန်သည် 'ခွေးမင်းသား'ဟုခေါ်ခံရတောင်မှ လူတွေကိုဘယ်တုန်းကမှကိုက်ခဲ့ဘူးဖြင်းမရှိပေ။
သူမကို မကိုက်ခင်အချိန်ကအထိပေါ့။
.
သူမစာအုပ်ထဲမှာဒီလိုမျိုးဖြစ်ပျက်ခဲ့သလားဆိုတာကိုမမှတ်မိတော့ဘူး။စာအုပ်ထဲမှာဖော်ပြထားတာက 'လီဟန် တန်အင်ပါယာသို့ မထွက်သွားခင်မှာ ဘိုင်စုရင်သည်လီဟန်ကိုနှုတ်ဆက်ခဲ့တယ်၊ပြီးတော့ဒီလိုမျိုး ချစ်ခင်ကြင်နာနေသည့် မြင်ကွင်းကြောင့် လီရူနဲ့လူအများစုရဲ့ မနာလိုစိတ်တွေဖြစ်ပေါ်လာပြီး တန်အင်ပါယာ၏နယ်မြေထဲသို့ဝင်ရောက်သွားသည့်အခါမှာတော့ လီရူသည်သူ၏ လက်အောက်ငယ်သားတွေကို လီဟန်အားအပြစ်ဒဏ်အနေဖြင့် တစ်နေ့လုံးကြိမ်နဲ့ရိုက်ရန် အမိန့်ပေးလိုက်ပြီးထိုဒဏ်တွေကြောင့် လီဟန်သည်လည်းရက်အနည်းငယ်အထိအိပ်ရာထဲကနေမထွက်နိုင်ခဲ့ချေ။
သူမဒီလိုဖြစ်မယ်မှန်းသာသိရင်ဒီကိုမလာခဲ့ပါဘူး။
ဘယ်သူက ဒီလိုရူးနေတဲ့ခွေးကကိုက်တာကို ခံချင်ပါ့မလဲ။
သောက်ဇာတ်လိုက်ကောင်။
ငါလိုး...သောက်ရမ်းနာတယ်ဟ။.
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးသက်သေတွေဟာအမြောက်အများရှိခဲ့သည်။ခွေးမင်းသားသည် ဝန်ကြီးချုပ်အိမ်တော်မှမြင့်မြတ်သောအမျိုးသမီးအား ရိုင်းစိုင်းကြမ်းကြုတ်စွာဆက်ဆံလိုက်ခြင်းကို လူအမြောက်အများမြင်တွေ့လိုက်ရသည်။လီရူသည်သူမရဲ့သွေးထွက်နေသောလက်ကိုတွေ့လိုက်သည့်အခါမှာတော့ ထိတ်လန့်တကြားဖြင့် သူမစီသို့ပြေးလာကာ သူမကို အိမ်ကိုချက်ချင်းပြန်ပို့တော့
သည်။
—-.
သုံးနှစ်အကြာမှာတော့ လီဟန်၏ဂုဏ်သတင်းသည်ကြီးထွားလာတော့သည်။ ဘာကြောင့်လဲဆိုတော့ လီဟန်သည်သူမကိုကိုက်ခဲ့ခြင်းကြောင့်လီရူသည်ဒေါသထွက်ကာ လီဟန်ကိုဓားစာခံမင်းသားအဖြစ် တန်အင်ပါယာသို့သွားရမည့်အစား လီရူသည်သူ့ကိုတောင်ဘက်ကနယ်စပ်ရှိ စစ်မြေပြင်မှာပစ်ချခဲ့ပေမယ့်လည်း လီဟန်သည်ချူးတွေရဲ့ကျူးကျော်မှုကိုခုခံကာ နယ်မြေကိုကာကွယ်နိုင်ခဲ့သည်။ုူလူတိုင်းသည်လီဟန်ကိုစစ်ပွဲထဲမှာသေမယ်သာထင်ကြပြီး လီဟန်သည် အောင်ပွဲနှင့်အတူ ခမ်းခမ်းနားနားပြန်လာလိမ့်မယ်ဟု ဘယ်သူကမှမမျှော်လင့်ထားခဲ့ချေ။
.
ဧကရာဇ်မင်းကြီး၏အမိန့်အရ လီဟန်သည်တောင်ဘက်ဘုရင်ဟုအဓိပ္ပာယ်ရသည့် 'နန်ဘုရင်'ဟူသည့်ဘွဲ့အမည်ရ၍ တပ်သားအယောက်နှစ်သိန်းရရှိကာ သူ့၏စစ်တပ်ကို 'နန် တပ်'ဟုအမည်ပေးခဲ့သည်။အဖြစ်အပျက်များသည်ဝတ္ထုထဲကဇာတ်လမ်းပုံစံအတိုင်းပဲဆက်သွားနေ၍ လီဟန်သည် တောင်ဘက်ရှိနယ်စပ်ကိုကာကွယ်ပြီး အောင်မြင်သွားပြီးနောက်အသက်၁၈နှစ်တွင် လီဟန်သည် သူ၏စစ်တပ်နှင့်အတူ
ချူအင်ပါယာသို့ထွက်ခွာသွားပြီး ၅လအတွင်းမှာပင်ပြည်နယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။ဤနေရာကနေဝတ္ထုသည် စတင်တာ ဖြစ်၏။
.
"အ.."
ဘိုင်စုရင်၏နဖူးသည်တွန့်သွားပြီး"သခင်မလေး အဆင်ပြေရဲ့လား"
ဂျင်းအာသည် ဘိုင်စုရင်၏ပေါက်သွားတဲ့လက်ချောင်းကိုယူ၍သွေးထွက်တာရပ်အောင် သူမ၏နူးညံ့သည့်လက်ကိုင်ပဝါနှင့်ငြင်သာစွာပွတ်ပေးနေတော့သည်။
သူမ၏ညာဘက်လက်က ဇာတ်လိုက်ကောင် ကိုက်ခဲ့သည့် အကျည်းတန်ရုပ်ဆိုးတဲ့ အမာရွတ်ကိုမြင်တိုင်း ဒေါသကြောင့် သူမလက်သီးတွေကိုသာဆုပ်လိုက်မိတယ်။ကံကောင်းတာတစ်ခုကတော့ သူမခွေးရူးတော့ပြန်မှာမဟုတ်ပါဘူးလေ။
ခွေးဇာတ်လိုက်ကောင်
YOU ARE READING
ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)
Historical FictionI don't own any part of this novel. I just translate it to myanmar.