(3)ခေါင်းမာနေတုန်း

318 32 0
                                    

လွန်ခဲ့တဲ့နှစ်နှစ် သူမဒီကိုကူးပြောင်းလာခါစက
မိန်းမတစ်ယောက်ရဲ့အသံကိုကြားလိုက်ရကာ အကယ်လို့သူမသာဘိုင်စုရင်နေရာမှာသရုပ်ဆောင်၍ဘိုင်စုရင်သေသည့်နေ့မှာပဲသေမယ်ဆိုရင် သူမကိုပြန်သွားနိုင်မယ်လို့ပြောခဲ့တယ်။

ပထမလအနည်းငယ်မှာ သူမစိတ်ရူးပေါက်ပြီးလုပ်ချင်တာတွေအကုန်လျှောက်လုပ်ခဲ့တယ်။သူမကြောက်တယ်။ အိမ်ပြန်ချင်တယ်။သူမမိသားစုကိုလွမ်းတယ်။ သူမငိုပြီးရင်းပဲငိုနေခဲ့တယ်။

သူမရူးသွားတော့မလိုပဲ။

သူမကိုပြန်ခေါ်သွားပေးဖို့ကို ရှိသမျှဘုရားတွေအကုန်စီမှာဆုတောင်းခဲ့တယ်.. သူမဒီနေရာမှာမနေချင်ဘူး သူမဘဝကိုပဲသူမလိုချင်တာ။

သူမအမေကိုပဲသူမလိုချင်တယ်၊သူမရဲ့အမေရင်းကိုပဲ။

"မေမေ..?"

"မေမေ့ရဲ့သမီးလေး ထပ်ငိုနေပြန်ပါပြီ။ ဘာလို့လဲ?
နောက်ထပ်အိပ်မက်ဆိုးတွေထပ်မက်နေပြန်ပြီလား?"

သူမမျက်တောင်ခတ်လိုက်ပြီးဘိုင်မေလီကိုကြည့်လိုက်သည်။ ဘိုင်မေလီသည်သူမရဲ့လက်ကိုကိုင်ထားပြီးစိတ်ပူနေတဲ့မျက်လုံးတွေဖြင့် သူမကိုကြည့်နေသည်။

သူမခံစားချက်ကင်းမဲ့စွာဖြင့် လက်ကိုရုတ်သိမ်းလိုက်တယ်။သူမ၏ထိုသို့လုပ်ရပ်ကြောင့် ဘိုင်မေလီသည်ကြောင်အ သွားကာသူမ၏ငြင်သာတဲ့အပြုံးဟာလည်းတောင့်တင်းသွားတော့သည်။

'သူမ အမေကိုပဲလိုချင်တယ်'

"ဘာလို့ဒီကိုရောက်နေတာလဲ?"

"မေ..မေမေကစိတ်ပူလို့ပါ။ဂျင်းအာကသမီးအိမ်မက်ဆိုးတွေထပ်မက်နေတယ်ပြောလို့"

ဘိုင်မေလီအစေခံနှစ်ယောက်လုံးကို အနီရောင်နယ်မြေကိုပို့လိုက်သည့်အချိန်ကစပြီး  သူမတို့နှစ်ယောက်ကြားတွင်မမြင်ရတဲ့တံတိုင်းကြီးကိုသူမတည်ဆောက်ခဲ့တယ်။ ဒါကဘိုင်မေလီရဲ့အပြစ်မဟုတ်ပေမဲ့လည်း လူ့အဖွဲ့အစည်းကိုကဒီလိုဖြစ်နေတာဖြစ်သည်။ ဘိုင်မေလီသည် ဘိုင်စုရင်အပေါ်မှာတော့နူးညံလွန်းပြီးချစ်တတ်လွန်းပေမဲ့ တစ်ခြားသူတွေနှင့်အထူးသဖြင့်အစေခံတွေအပေါ်မှာဆို ရက်စက်လွန်းတာကြောင့် သူမစိတ်အနှောင့်အယှက်ဖြစ်သည်။

ဟုတ်ပါတယ် ဘိုင်စုရင်ကသူမရဲ့သမီးဖြစ်တယ်ဆိုတာနားလည်ပေးနိုင်ပေမဲ့ အစေခံနှစ်ယောက်ကသူတို့ရဲ့အသက်တွေကိုချမ်းသာပေးဖို့တောင်းပန်နေတာတောင် ဘိုင်မေလီသည်မျက်တောင်တစ်ချက်တောင်မခတ်ခဲ့တာကို မှတ်မိနေသေးတော့ သူမအတွက်အဆင်မပြေသေးဘူး။

" အဆင်ပြေပါတယ်"

သူမအခြားဘက်သို့လှည့်လိုက်ကာ ဘိုင်မေလီကိုကျောပေးထားလိုက်တော့သည်။
"အိပ်ချင်နေပြီ..ကျေးဇူးပြု၍နောက်ခါဆိုရင်အခန်းထဲကို ခွင့်ပြုချက်မရှိဘဲမဝင်လာပါနဲ့"

"ဇင်အာ..မေမေ.."

ဘိုင်မေလီသည်သက်ပြင်းချလိုက်ပြီး
"မေမေ နားလည်ပါပြီ"

ဘိုင်မေလီရဲ့ခြေသံတွေတဖြည်းဖြည်းပျောက်ကွယ်သွားတာကိုသူမကြားလိုက်ရတယ်။သူမမျက်လုံးတွေကိုမိှတ်ချလိုက်ရင်း နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာတော့သည်။

"မေမေ ...သမီးမေမေ့ကိုသတိရတယ်။မေမေ...မေမေ့ကိုသတိရတယ်။မေမေ..သမီးအိမ်ကိုပြန်ချင်တယ်"

.
ဒီထူးဆန်းတဲ့ကမ္ဘာကြီးမှာ ရှေးခတ်လူတွေ၊သူတို့ရဲ့​ထူဆန်းသည့်စနစ်တွေနှင့်မမျှတတဲ့လူနေမှုအဆင့်တန်းတွေက အရမ်းကိုကြောက်ဖို့ကောင်းတယ်။
ဘာလို့ အထက်တန်းလူတန်းစားတွေအတွက် သာမန်လူတန်းစားတွေကိုသတ်ပြီး အစေခံတွေကိုရောင်းဖို့ကအရမ်းကိုမှလွယ်ကူနေရတာလဲ။သူတို့တွေကဝက်တွေကိုဆက်ဆံသည်ထက်တောင်ပိုဆိုးအောင်ဆက်ဆံခံနေရသေးသည်။

——

သုံးရက်ကြာပြီးသည့်နောက်မှာတော့ လုခိုင်သည်နန်းတော်ကပြန်လာခဲ့သည်။

"သူဘယ်လိုနေလဲ?.."

"လေးယောက်မြောက်မင်းသာကအခုထိနေမကောင်းဖြစ်နေတုန်းပါပဲ.."

သူမမျက်မှောင်ကြုတ်လိုက်မိတယ်။
"ဘာလို့သူကအခုထိနေမကောင်းဖြစ်နေတာလဲ?..
ဆေးတွေနဲ့သူ့အတွက်အစားအသောက်တွေကိုရော မင်းသေချာပို့လိုက်ရဲ့လား"

"ပို့လိုက်ပါတယ် သခင်မလေးဒါပေမဲ့.."
လုခိုင်သည်တုံ့ဆိုင်းနေပြီး

သူမမျက်လုံးတွေကိုမှိတ်လိုက်ပြီး
"တို့သိပြီ"
သူမရင်ဘတ်ရှေ့မှာလက်ပိုက်လိုက်ကာ
."ဒီအသုံးမကျတဲ့မင်းသားကတော့ အခုထိခေါင်းမာနေတုန်းပဲ"

ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)Where stories live. Discover now