ဘယ်လက်ရုံးဝန်ကြီးချုပ်ဖြစ်သည့် ဘိုင်စုရင်၏အဖေ ဘိုင်မူရိုသည်နန်းတော်သို့ဆင့်ခေါ်ခံရပြီး သူမကိုပါ နန်းတော်သို့တစ်ယောက်ထဲလာရန်မှာခဲ့၏။ သူမက
အိမ်ရှေ့စံမင်းသမီးဖြစ်နိုင်သည့်သူတွေထဲက တစ်ယောက်ဖြစ်လို့ လဲဖြစ်နိုင်တယ်။"ရင်အာ ဝန်ကြီးချုပ်အိမ်တော်ကြီးကသမီးအပေါ်မှာ မူတည်နေတယ် ဖေဖေကသမီးကိုအိမ်ရှေ့စံမင်းသမီးဖြစ်ဖို့ ပြုစုပျိုးထောင်ပေးခဲ့တာနော် ဖေဖေ့ကိုစိတ်ပျက်အောင်မလုပ်ဖို့တော့မျှော်လင့်ပါတယ်...."
ဘိုင်မူရိုဘာတွေပြောနေတာလဲဆိုတာ သူမအာရုံမစိုက်နိုင်ဘူး။
လမ်းကကြမ်းတာကြောင့် သူမခေါင်းမူးနေပြီး ဒီတိုင်းပြီးပြီးရောခေါင်းသာငြိမ့်ပြလိုက်တော့သည်။ ချီးလို သောက်ရထားလုံး!
ဘိုင်မူရိုသည် စိတ်ကျေနပ်သွားတာကြောင့် အားပါးတရပြုံးလိုက်တော့သည်။
သူမတို့နန်းတော်သို့ရောက်သွားသောအခါ ဘိုင်မူရိုသည် ဧကရာဇ်နှင့်တွေ့ရန်ထွက်သွားခဲ့ပြီး သူမကိုမင်းသမီး၏နီယန်အဆောင်မှာထားခဲ့တော့သည်။
"အားးးး!"လီချာသည်စူပုတ်ပုတ်ဖြင့် သူမရဲ့အပ်ကိုပစ်လိုက်ပြီး မတ်တပ်ရပ်လိုက်တော့သည်။
"ဒါကြီးကအရမ်းပျင်းဖို့ကောင်းတာပဲ"
________________________မိုးသည်လေးနာရီကြာသည့်အထိမရပ်မနားဆက်တိုက်ရွာနေခဲ့တာကြောင့် သူမတို့လည်းမင်းသမီး၏
အဆောင်ထဲမှာ ချည်ပန်းထိုးရင်း ပိတ်မိနေတော့သည်။ရုတ်တရက် မိန်းမစိုး ဆိုးသည်မင်းသမီးစီသို့ပြေးလာပြီး
"မင်းသမီးလေး ပြသာနာအကြီးကြီးတော့တက်နေပါပြီ..."
"ဘာဖြစ်တာလဲ...?" လီချာသည်နှုတ်ခမ်းစူလိုက်ပြီး
"ဟိုလေ..စတုတ္ထမင်းသား.."
"လေးယောက်မြောက်အကို....?"
ဘိုင်စုရင်ပန်းထိုးနေသည့်လက်တွေကိုရပ်လိုက်ပြီး
"ဘာဖြစ်လို့လဲ လို့...!!"လီချာစိတ်လှုပ်ရှားစွာမေး၏။
"လတ်တလောအိမ်ရှေ့စံမင်းသာက လေးယောက်မြောက်မင်းသားကို အပြစ်ပေးထားတာဖြစ်ပြီး လေးယောက်မြောက်မင်းသားက လွန်ခဲ့သည်လေးနာရီထဲက နှင်းဆီဥယျာဥ်ထဲ၌ မိုးသည်းထဲမှာ ဒူးထောက်နေရတာအခုထိပါပဲ....."
YOU ARE READING
ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)
HistoryczneI don't own any part of this novel. I just translate it to myanmar.