(14)ပျောက်ကွယ်ခြင်း

217 38 5
                                    

translator-hazel

"ရီှအာ မေမေမှားသွားမှန်းလည်း မေမေကိုယ်တိုင်သိပါတယ် မေမေသမီးကိုအစောကြီးကတည်းကပြောပြလိုက်သင့်တာပါ ဒါပေမဲ့မေမေကဒီတိုင်း..ဒီတိုင်းသမီးကိုစိတ်မပူစေချင်လို့ သမီးလေးကအရမ်းတန်ဖိုးရှိပြီး နုနယ်လွန်းတယ်လေ ဒါ့အပြင် သမီးကမေမေ့ရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့အပြင် သမီးက သမီးအဖေလိုပဲခေါင်းအရမ်းမာလွန်းတယ်"

သူမဖုန်းထဲကနေလှမ်းအော်ပြောတော့သည်။

"မေမေက သမီးကိုစိတ်မပူစေချင်လို့ဟုတ်လား ဒါဆိုလည်းဒီနေ့ကစပြီးသမီးကမေမေ့ရဲ့သမီးမဟုတ်တော့ဘူး"

"ရှီအာ! လျူရှီရီှ!!"

သူမသည် ဘာမှမရှိသည့်နေရာကိုသာ ငေးငိုင်စိုက်ကြည့်နေမိသည်။မေမေ့ကိုနောက်ဆုံးပြောမိခဲ့သည့်စကားတွေကို သတိရမိရင်း မတတ်နိုင်စွာဘဲသူမနောင်တရနေမိတယ်။ဘယ်လိုလုပ်သူမ မေမေ့ကိုဒီလိုမျိုးပြောနိုင်ခဲ့ရတာလဲ။

"သခင်မလေး!"

ဂျင်းအာကထိတ်လန့်တကြားနှင့်သူမစီသို့အလျင်
အမြန်ပြေးလာကာ ဂျင်းအာသည် သူမကိုရေကန်နဲ့ဝေးအောင် ဆောင့်ဆွဲလိုက်သည့်အချိန်မှာတော့ သူမခလုတ်တောင်တိုက်မိတော့မလို့။ ပြီးတော့ဂျင်းအာသည်ထုံးစံအတိုင်း သူမဘယ်ဘက်သို့လှည့်ခိုင်းလိုက် ညာဘက်ကိုလှည့်ခိုင်းလိုက်နဲ့ သူမခန္ဓာကိုယ်ပေါ်မှာဒဏ်ရာရှိမရှိစစ်ဆေးတော့သည်။

သူမ၏ကမ္ဘာမှာတော့သူမသည် သိပ်များများစားစားပိုင်ဆိုင်တာမရှိတဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူမသည်ကောလိပ်တက်စဥ်အတွင်းက စာကိုခက်ခက်ခဲခဲကြိုးစားခဲ့သဖြင့် ကောင်လေးထားဖို့တောင်အချိန်မရှိခဲ့ပေ။သူမအရွယ်ရောက်လာတဲ့အချိန်မှာလည်း သူမအခုလိုအောင်မြင်သည့်လူတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။သူမရဲ့ဒီလိုရိုးရှင်းတဲ့ဘဝလေးကိုလည်းသူမအရမ်းကိုမှကျေနပ်အားရခဲ့ရတယ်။

သူမရဲ့နေ့စဥ်လုပ်ငန်းတွေကတော့ အိပ်တယ်၊အလုပ်လုပ်တယ်၊ netflix ကြည့်တယ် ဒါနဲ့ပဲအချိန်တွေကုန်နေတာ။

မထင်မှတ်ပဲရုတ်တရက်သူမအရာအားလုံးကိုဆုံးရှုံးလိုက်ရတယ် မေမေ၊သူမမိသားစု၊သူငယ်ချင်းတွေ ပြီးတော့ သူမရဲ့ပျင်းစရာကောင်းသည့်ဘဝလေးကိုရော။
.
ွသတိပေးခြင်းအလျှင်းမရှိဘဲ ကံဆိုးစွာနဲ့ပဲ သူမသည်ယခုသူမရောက်ရှိနေသည့်ဝတ္ထုထဲသို့ကူးပြောင်းလာပြီး စာရေးဆရာသည် အဓိကဇာတ်ကောင်တွေကိုပဲမျက်နှာသာပေး၍ သူ့တို့တွေကိုသာအဆုံးမှာပျော်ရွှင်သည့်ဘဝကိုအစဥ်အမြဲဖန်တီးပေးပြီး ကျန်သည့်ဇာတ်ကောင်၊အရံများကိုထိုးကြွေး စွန့်ပစ်ထားခြင်းသာဖြစ်သည်။

"တို့အဆင်ပြေပါတယ်" ဂျင်းအာစိတ်သက်သာရန် သူမနှစ်သိမ့်ပေးလိုက်တော့သည်။
.
ဂျင်းအာသည် သူမပြောတာကိုမယုံခဲ့ပေ။ဂျင်းအာသည်သူမထက်ငယ်ပေမဲ့လည်း ကြက်အမေကြီးလိုတရစပ်ပွစိပွစိလုပ်တတ်တဲ့အကျင့်ရှိပြီး သူမဘယ်တော့မှဒီကောင်မလေးနှင့်အပြိုင်မငြင်းနိုင်ဘူး။

"ဒီလိုမျိုးထပ်မလုပ်ပါနဲ့တော့။ သခင်မလေးကိုဂျင်းအာ ဘယ်နှစ်ကြိမ်ပြောရမှာလဲ? ကိုယ်ရံတော်တွေကိုသခင်မလေးနဲ့အတူခေါ်သွားပါလို့ ဒါမှမဟုတ် လုခိုင်ကိုခေါ်သွားလို့လည်းရတာပဲ သခင်မလေးတစ်ယောက်
တည်းသွားချင်တဲ့နေရာလျှောက်သွားလို့မရဘူးလေ အန္တရာယ်များလွန်းလို့ပါ သခင်မလေးရယ်"

ဂျင်းအာ၏မလိုအပ်တဲ့ စိတ်ပူပန်မှုတွေက ဘယ်ကနေစသလဲဆိုတာကို သူမသိပါတယ်။ လွန်ခဲ့တဲ့၅နှစ် သူမဒီထူးဆန်းတဲ့ကမ္ဘာကြီးမှာနိုးထလာလာချင်း သူမသေမလောက်ကြောက်လန့်ခဲ့ရပြီး သူမကမ္ဘာကိုသာပြန်နိုင်မယ်ဆိုရင် သူမဒီကမ္ဘာမှာသူမဘဝကိုဆုံးရှုံးရမယ်ဆိုရင်တောင်သူမဂရုမစိုက်ဘူး ရှင်းရှင်းပြောရရင် သူမအရင်ဘဝကိုပြန်ရောက်ဖို့ဆိုရင် သူမသေရမယ်ဆိုရင်တောင်သူမသောက်ဂရုမစိုက်ဘူး

"သခင်မလေး...ဘာလို့ဂျင်းအာကိုတစ်နေ့ကျရင်သခင်မလေးပျောက်ကွယ်သွားတော့မယ်လို့ထင်အောင်လုပ်နေရတာလဲ သခင်မလေး ကျေးဇူးပြု၍ အဲ့လိုမျိုးထပ်မလုပ်ပါနဲ့နော်..."

"တို့တောင်းပန်ပါတယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(T/N : ပထမတုန်းကတော့ ကိုယ်ဒီNovelလေးဆက်ပြီးဘာသာမပြန်တော့မလို့ပ​ဲ ဘာလို့လဲဆိုတော့ဒီnovelက ကိုယ်ပထမဦးဆုံးဘာသာပြန်တာဖြစ်တဲ့အတွက် အမှားတွေများပါနေမလား ဖတ်ရတာအဆင်ရော ပြေပါ့မလား ဖတ်တဲ့လူရောရှိပါ့မလားဆိုပြီးစိတ်ပူနေတာ ဒါပေမဲ့မနေ့ကညက ကိုယ့်ရဲ့
ပထမဦးဆုံးcmtရေးတဲ့ readerလေးတစ်ယောက်ကစောင့်နေတယ်ပြောတော့ ဘယ်လိုပျော်လို့ပျော်သွားမှန်းကိုမသိဘူး အဲ့readerလေးကြောင့်ပဲ ကိုယ်ဒီnovelကိုအစအဆုံးထိအတတ်နိုင်ဆုံးဘာသာပြန်သွားမှာဖြစ်ပါတယ်  updateကတော့ တစ်ရက်ခြားတစ်ခါဖြစ်ပါတယ်

ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)Where stories live. Discover now