Translator--hazel
မေမေ့ကိုပဲလိုချင်တယ်..
"ရှင်ကကျွန်မအမေမဟုတ်ဘူး"
"ရင်အာ မေမေပါ။မေမေကသမီးလေးရဲ့မေမေလေ..
မေမေဒီကိုရောက်လာပြီလေ နော်..""ရှင်ကကျွန်မအမေမဟုတ်ဘူးလို့.....ကျွန်မအမေပဲကျွန်မလိုချင်တာ ..မေမေသမီးကြောက်တယ်..."
သူမနိုးလာသည့်အခါမှာတော့ခေါင်းသည်မူးနှောက်နေ
၍ သူမ၏ခန္ဓာကိုယ်သည်လည်းအားမရှိတော့ပဲ ဗိုက်လည်းဆာနေသည်ဟု ခံစားနေရကာ သူမအစာအိမ်သည်အသံမျိုးစုံမြည်နေတော့သည်။အဲ့တော့ သူမမျှော်မှန်းထားသလိုပဲတကယ်ဖျားသွားတယ်ပေါ့
အဟင့်!!ဒါပေမဲ့နေလို့မကောင်းဘူး
ဂျင်းအာသည်ဘိုင်စုရင်၏လှုပ်ရှားမှုသေးသေးလေးကို သတိထားမိသည့်အချိန်မှာတော့ ဘိုင်စုရင်ဘေးသို့အလျှင်အမြန်ပြေးလာကာ သူမမျက်နှာပေါ်တွင်လည်း
'တော်ပါသေးရဲ့'ဆိုပြီးရေးထားသလိုပဲ။ သို့သော်ငြား
ဂျင်းအာသည် သူမအခြေအနေကိုအဆက်မပြတ်ဆက်တိုက်မေးနေ၍ သူမဘယ်နားနာသေးလဲ တစ်ခုခုလိုသေးလားဆိုပြီး ဂျင်းအာကတကယ့်ကိုထိန်းမရသိမ်းမရတဲ့ကောင်မလေး။ဂျင်းအာသည် သူမအတွက်ဆန်ပြုတ်ယူလာပေးသည်။
သူမသည်လည်းအဖျားကြောင့်အားနည်းနေသေး၍ ဖြေးဖြေးချင်းသာစားနေလိုက်သည်။မိနစ်အနည်းငယ်အကြာမှာတော့ ဘိုင်မေလီသည်ရောက်လာခဲ့သည်။ ဘိုင်မေလီ၏အမေရင်းလိုလှုပ်ရှားပြောဆိုမှုတွေကသူမကိုမသက်မသာဖြစ်စေသည်။
"ဂျင်းအာ နင်ဘာလို့ကြက်သားကိုဆန်ပြုတ်ထဲထည့်ထားရတာလဲ? ကိုယ့်သခင်ဘာကြိုက်လဲဆိုတာတောင်မသိတဲ့ နင်ကဘယ်လိုအစေခံမျိုးလဲ ရင်းအာကကြက်သားမကြိုက်တဲ့အပြင်မုန်းတောင်မုန်းသေးတယ်"
ဂျင်းအာသည်ဒူးထောက်ချလိုက်ပြီး အလျှင်အမြန်ခွင့်လွှတ်ဖို့တောင်းပန်တော့သည်။
စိတ်ပျက်လိုက်တာ
"သမီး ကြက်သားကြိုက်တယ်"
"ဘာ ..ဘာဖြစ်တယ်?"
"သမီးပြောတာက ကြက်သားကိုကြိုက်တယ်လို့
ဆန်ပြုတ်ကဘာပြသာနာမှမရှိဘူး""ဒါ ..ဒါပေမဲ့သမီးလေးက သူတို့ကိုစားရတာကိုမကြိုက်ဘူးလေ..လုအာကိုမှတ်မိသေးလား သမီးလေး၆နှစ်တုန်းကမွေးထားတဲ့ကြက်ပေါက်လေးလေ...
အဲ့ဒါကြောင့်မို့ သမီးလေးကကြက်သားတွေကိုမစားချင်တာလေ..ပြီးတော့သမီးပြောခဲ့ပါသေးတယ် သမီးလေးက လုအာမိသားစုကိုမစားချင်ဘူးဆို မဟုတ်ရင် သမီးကငိုရော အခုအချိန်ထိ ဖေဖေနဲ့မေမေကသမီးရှေ့မှာဆိုကြက်သားမစားရဲဘူး ဘာလို့လဲဆိုတော့မေမေတို့ကသမီးလေးမျက်ရည်တွေကိုမြင်ရမှာကြောက်လို့လေ"ဘိုင်စုရင်သည်ဇွန်းကိုအောက်သို့ချလိုက်ပြီး
"မေမေ အဲ့တာလွန်ခဲ့တဲ့နှစ်တွေတုန်းကဟာတွေ အဲ့တုန်းက သမီးက ကလေးပဲရှိသေးတာ နှစ်တွေကြာလာတာနှင့်အမျှ တစ်ချို့အရာတွေကပြောင်းလဲတတ်တယ် အလေ့အကျင့်တွေ၊ကြိုက်တာတွေ၊မကြိုက်တာတွေ၊သဘောထားတွေတောင်မှပြောင်းလဲတတ်တယ် ဒါကလူ့သဘာဝပဲလေ"
အပြစ်တင်လိုသောလေသံဖြင့် သူမသည်
"နောက်တစ်ခါကြရင် သမီးကြိုက်တာ ဒါမှမဟုတ် မကြိုက်တာတွေကို ပေါ့ပျက်ပျက်နဲ့မခန့်မှန်းပါနဲ့..သမီးစားသောက်ချင်စိတ်ကိုဖျက်ဆီးနေတာရပ်ပါတော့.."
"မေ..မေမေကလေဒီတိုင်း.." ထိတ်လန့်တကြားနှင့်ဘိုင်မေလီသည် သူမလက်ကိုလှမ်းဆွဲတော့သည်။
"သမီးနားချင်ပြီ... လာမဲ့နေ့တွေမှာမေမေ သမီးကိုလာမနှောင့်ယှက်ရင် သမီးကျေးဇူးတင်မိမှာပဲ.."
ဘိုင်မေလီသည်ကြောင်အသွားကာ
"ဒါပေမဲ့ မေမေစိတ်ပူတယ်လေ..မေမေလည်းသမီးကိုဂရုစိုက်ပေးချင်တာပေါ့"
ဘိုင်စုရင်သည် ဘိုင်မေလီလက်ထဲကသူမလက်ကိုရုတ်လိုက်ပြီး
"မေမေ့ကိုဒီနေရာမှာမလိုအပ်တော့ဘူး ...ပြန်သွားပါတော့"
"ရင်အာ..မေမေ"
.
ဘိုင်စုရင်သည် ဘိုင်မေလီ၏နာကျင်ခံစားသွားရသည့်အမူအရာကိုလျစ်လျူရှုလိုက်ပြီးဘိုင်မေလီကငါနဲ့ဘာမှမဆိုင်ဘူး ငါကသူ့သမီးအရင်းမှမဟုတ်တာ။
ဘိုင်မေလီသည်ရှက်ရွံ့စွာနဲ့ပဲ သူမကိုကျန်းမာပါစေလို့ဆုတောင်းပေးပြီးသည်နှင့် ချက်ချင်းထွက်သွားတော့သည်။
YOU ARE READING
ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)
Ficción históricaI don't own any part of this novel. I just translate it to myanmar.