(5)အကူအညီ

233 30 0
                                    


ဧကရာဇ်လီဟိုင် သူ၏မယ်တော်ကြီးရဲ့မွေးနေ့ပွဲအားဂုဏ်ပြုရန် ပျော်ပွဲရွှင်ပွဲများကျင်းပကာ သုံးရက်တိတိဝတ်ပြုဆုတောင်းကြရန်အမိန့်ချမှတ်လိုက်၏။

နန်းတော်ကြီး၏နေရာတိုင်းတွင် ခမ်းနားကြီးကျယ်
သည့် အရောင်များ၊ တန်ဖိုးကြီးသည့်အရာများနှင့်အလှဆင်ထားကာ qixiပွဲတော်ကဲ့သို့ပင်။

[qixiပွဲတော်ဆိုတာ တရုတ်ချစ်သူများနေ့ကိုပြောတာပါ]

ပြီးတော့ တော်ဝင်မျိုးနွယ်များနှင့်အထက်တန်းစားလူမျိုးတွေအတွက် ဖော်ဖြေရေးပွဲများစွာရှိပြီးဂိမ်းတွေ၊သီချင်းများ၊ဆပ်ကပ်တောင်မှပါဝင်၏။

ဒီနေရာတဝိုက်မှာရှိနေသည့် အရာတော်တော်များများသည် သူမအတွက်အသစ်အဆန်းတွေဖြစ်နေတာကြောင့် အံသြသင့် သင်ပေမဲ့လည်း ဒီအရာတွေကသူမကိုဝမ်းပဲနည်းစေတယ်။

လက်တွေ့ကမ္ဘာမှာ သူမသည် လူစည်ကားတဲ့မြို့ပြကြီးမှာအလုပ်လုပ်နေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်သည့်မိန်းမဖြစ်သည်။လစဥ်လတိုင်း အထူးသဖြင့်
အားလပ်ရပ်တွေမှာသူမအိမ်ကိုပြန်နိုင်ဖို့အမြဲအချိန်ယူရ၏ မဟုတ်ရင်သူမအမေက သူမတို့ကိုဒေါသထွက်ပြီး သူမကိုမချစ်တော့ဘူးဟုပြောကာ မိချောင်းလို မရှိ ရှိတဲ့မျက်ရည်တွေကျပြဦးမည်ဖြစ်သည်။

မေမေကလေ...တကယ်ကိုဘဲ


မေမေအတွက် စျေးကြီးသည့်ပစ္စည်းများ၊skincareတွေ၊ဆေးတွေရယ် တစ်ခါတစ်လေမီးဖိုချောင်သုံးပစ္စည်းတွေသူမတို့မောင်နှမတွေဝယ်ပေးလျှင် မေမေကသဘောကျတတ်၏။ ဖေဖေဆုံးသွား
သည့်အချိန်ကစပြီး မေမေသည်သူမတို့အပေါ်ပို၍မှီခိုလာကာ သူမတို့နဲ့လည်းအနေနီးလာသည်။

သူမသိပါတယ် မေမေ ဖေ့ဖေ့ကိုသတိအရမ်းရနေတယ်ဆိုတာ အဲ့တာကြောင့်လည်းမေမေကသူမတို့ကိုလိုအပ်ပြီး သူမတို့ကောင်းကောင်းမွန်မွန် နဲ့ ကြံကြံခိုင်ခိုင်နေ နေတာကိုမြင်ချင်တာဖြစ်သည်။

ပြီးတော့လည်း သူမ၊ အငယ်ဆုံးသမီးဖြစ်သည့်သူမသည် မေမေ့ကိုတစ်ယောက်ထည်းထားခဲ့မိသည်။

ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)Where stories live. Discover now