(15)နန်စစ်တပ်

224 31 3
                                    

translator-hazel

သူမကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားခဲ့ဘူးတယ်။ရေကန်ထဲကိုခုန်ချတယ်၊လက်ကောက်ဝတ် ကိုဖြတ်တယ်၊ နောက်ဆုံးဆွဲကြိုးချသေဖို့တောင်လုပ်ခဲ့ပေမယ့်လည်း အမြဲတမ်းသူမအကယ်ခံရတာကြောင့် အကုန်လုံးကျရှုံးခဲ့ရတယ်။

ဒါတွေကြောင့်ပဲ သူမဂျင်းအာနှင့်အိမ်တော်ကြီးတစ်ခုလုံးကိုခြောက်လန့်မိသလိုဖြစ်သွားသည်။

ဒါပေမဲ့တစ်ညမှာတော့ အသံတစ်သံသည် သူမ၏
အိမ်မက်ထဲကိုဝင်လာကာ

"မင်းရဲ့ဇာတ်ကောင်နေရာမှာ​ကောင်းကောင်းသရုပ်ဆောင် ပြီးရင်ဘိုင်စုရင်သေတဲ့နေ့မှာပဲသေလိုက် ဒါကပဲမင်းရဲ့ကမ္ဘာကိုပြန်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းပဲ"

အဲ့ဒါဆို သူမလုပ်နိုင်တာတစ်ခုတည်းသောကသည်းခံပြီးနေနေရုံပေါ့

လီချာ ပြောပုံအရဆိုရင် ဧကရာဇ်မင်း၏အမိန့်အရ လီဟန်သည်သူ၏ချီးကျူးထိုက်လောက်တဲ့လုပ်ဆောင်
ချက်တွေနဲ့ အင်ပါယာအတွက်အဆက်မပြတ် အောင်ပွဲ
တွေယူဆောင်လာတာကြောင့် လီဟန်အားမြို့တော်သို့ပြန်လာရန်အမိန့်ပေးခဲ့သည်။

အကယ်လို့ သူမတွက်တာသာမှန်မယ်ဆိုရင် အခုချိန်မှာ လီဟန်ကဇာတ်လိုက်မနဲ့တွေ့ပြီးနေလောက်ပြီမလား
ပြီးတော့ အောင်ပွဲအနေဖြင့်လီဟန်သည်ချူဝမ်ဝမ်ကိုအကျဥ်းသားအနေဖြင့် သူနှင့်အတူလီအင်ပါယာသို့ခေါ်လာမှာဖြစ်တယ်။

.
ကောလဟာလတွေအတိုင်း ချူအင်ပါယာ၏နတ်သမီးတစ်မျှလှပသောဒုတိယမင်းသမီးလေး ချူဝမ်ဝမ်သည်သူစိမ်းအင်ပါယာဖြစ်တဲ့လီအင်ပါယာသို့ဆွဲခေါ်သွားခြင်းခံရတော့၏။
——

ဘာလိုလိုနဲ့နွေဦးရာသီလည်းရောက်လာတော့၏။

ဗုံတွေတီးခတ်နေပြီး နှဲ့သံတွေဟာကျယ်လောင်စွာထွက်ပေါ်နေကာ သံချပ်ကာများ၊ဓားများ၊လှံများတပ်ဆင်ထားသည့် "နန်"စစ်တပ်မှစစ်သားပေါင်း၂သိန်းသည်သူတို့၏ကြောက်မက်ဖွယ်အောင်သွေးဆာနေသည့်အရှိန်အဝါတို့ကစစ်မြေပြင်ကဲ့သို့ မြို့တော်ကိုတုန်လှုပ်ခြောက်ခြားစေသည်။ဒီမကောင်းဆိုးဝါးကဲ့သို့သော သူရဲကောင်းများကို လူတွေကစိတ်အားထက်သန်စွားကြိုဆိုခဲ့ကြပြီး "နန်စစ်တပ်ဟာ မသေမျိုးတပ်"ဟုသောကောလဟာလအသစ်တစ်ခုသည်လည်းပြည်သူများကြားတွင်ပျံနှ့ံနေတော့သည်။သူတို့သည်လည်းသူတို့၏ခေါင်းဆောင်ကဲ့သို့သေခြင်းတရားကိုအကြိမ်ပေါင်းမြောက်များစွာရှောင်ရှားနိုင်ခဲ့ပြီး လီဟန်သည်လည်း သူ၏မှောင်မိုက်သည့်နှစ်များကို ကျော်ဖြတ်ကာအသက်ရှင်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ "ခွေးမင်းသား"ဒါမှမဟုတ် "လီအင်ပါယာ၏အနိုင်ကျင့်ခံမင်းသား"အကြောင်းကိုမည်သူမျှအစမဖော်ရဲဘဲ ထိုဆိုးရွားတဲ့အရာတွေဟာ ဘယ်သောအခါမှမဖြစ်ခဲ့ဘူး သလိုသာနေကုန်ကြတော့သည်။

စတုတ္ထမင်းသားဖြစ်သည့်လီဟန်သည်"မသေမျိုး နန်ဘုရင်"ဖြစ်လာတော့သည်။

နောက်တစ်နေ့မှာတော့ ဧကရာဇ်မင်းသည်ဇာတ်လိုက်အတွက်ကြိုဆိုသည့်ပွဲကိုကျင်းပတော့သည်။တော်ဝင်မိသားစုများ၊နန်းတော်ရှိအရာရှိများနှင့်သူတို့၏မိသားစုဝင်များကိုပါဖိတ်ကြားခဲ့သည်။

နာမည်ကြီးနေတဲ့မင်းသားကိုပြန်တွေ့ရဖို့ ဘယ်သူမှဒီအခွင့်အရေးကိုလက်လွှတ်မခံချင်ကြဘူး။

ဇာတ်လိုက်မကိုစိုက်ကြည့်နေရင်း သူမစကတ်ကို ဆုပ်လိုက်မိတယ်။ချူဝမ်ဝမ်သည် အင်မတန်မှကိုလှပသည်။ ဒီခတ်မှာ ပလပ်စတစ် ဆာဂျရီရှိနေပြီလားလို့တောင်သူမသံယဖြစ်မိသည်။သူမ၏မျက်နှာသည် ပြီးပြည့်စုံသောအလှတရား၏အဓိပ္ပာယ်ပင်ဖြစ်သည်။
.
သူမ၏ဖီးနစ်လိုမျက်ဝန်းများ၊သူမ၏နှာခေါင်းသေးသေးလေးထိပ်ကချစ်စဖွယ်မှဲ့လေးရယ် အသည်းပုံနှုတ်ခမ်းလေးနှင့်ပြုံးလိုက်တိုင်းပေါ်ပေါ်လာတတ်သည့်
ချစ်ဖို့ကောင်းပြီးထင်းနေသည့်ပါးချိုင့်လေးနှစ်ခုက လူတိုင်း၏အကြည့်ကိုမလွှဲချင်လောက်အောင်ကို ဆွဲဆောင်မှုရှိ၏။ အဲ့ပါးချိုင့်လေးတွေကပဲသူမကိုပိုမိုငယ်ရွယ်နုပျိုစေသည်။

သူမကဇာတ်လိုက်မဖြစ်ပြီး လီဟန်ကဒီငယ်ရွယ်နုပျိုနေတဲ့မိန်းမပျိုလေးကိုမြင်မြင်ချင်းချစ်မိသွားတာအံသြသင့်စရာတော့မဟုတ်ပါဘူး။ချူဝမ်ဝမ်က တကယ်ကိုထူးချွန်ပြီးလှတာ။ဘိုင်စုရင်ဟာ ဒီနတ်ဘုရားမနဲ့ဘယ်လိုမှကိုမယှဥ်နိုင်ဘူး။

အဲ့ဒါကဘာနဲ့တူလဲဆိုရင် ငန်းနဲ့ဘဲရုပ်ဆိုးမ ကျနေတာပဲ။

သူမတို့၂ယောက်ကတော်တော်ကိုမှကွာခြားလွန်းတာ။

~~~~~~~~~~~~~~~
(T/N ကိုယ်readerလေးတွေကိုပြောပြချင်တာရှိသေးသည်။ကိုယ်အခုပြန်နေတဲ့ဒီnovelလေးကိုမူရင်းauthorစီမှာခွင့်ပြုချက်တောင်းထားတာ အခုထိreplyမပြန်သေးပါဘူး ဒီနေ့ကိုယ့်ရဲ့message boxမှာတစ်စုံတစ်ယောက်က ကိုယ့်ကိုလာသတိပေးပါတယ် အကယ်လို့များauthorကခွင့်မပြုခဲ့ဘူးဆိုရင်ကိုယ်ဒီnovelလေးကိုချက်ချင်းပြန်ဖျက်မှာပါ ဒါလေးလာအသိပေးတာပါနော် )

ဇာတ်လိုက်ကိုအနိုင်ကျင့်မယ်!!(ဘာသာပြန်)Where stories live. Discover now