🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း (၇)
အလုပ်ထဲ အာရုံရောက်နေတက်သည်ဆိုရင် ဘေးက ဘယ်သူဘယ်ဝါရောက်နေသည်ဆိုတာကိုပင် မေ့လျော့နေတက်သည်။
ဘယ်ချိန်ထဲကရောက်နေမှန်း မသိသည့် ဦးဘမှန် က သူ့ဘေးမှာ ကော်ဖီပန်းကန်လေးကိုင်ပြီး မက်တပ်ရပ်နေလျှက်
အတန်ကြာမှ သူ သတိထားမိကာ
"ဪ ..... ဦးကြီး sorry ကျွန်တော် နည်းနည်းလက်စသတ်စရာလေးများသွားလို့"
"ညဉ့်နက်တဲ့အထိလဲ မနေပါနဲ့ ကောင်လေး ရယ် မင်းအလုပ်တွေ မင်းလွင် လဲ ကူနေတာပဲ"
သူဘာမှမပြောပဲ ဆုံလည်ခုံကြီးကို နောက်မှီချလိုက်တော့ ဦးဘမှန်က ကော်ဖီ ပန်းကန်လေးကို သူ့စားပွဲ ပေါ်တင်လိုက်သည်။
တစ်နေ့တာအလုပ်များမှုနဲ့ စိတ်ရှုတ်ထွေးမှုတွေကို ဖြေသိမ့်ဖို့ဆို စီးကရက်က သူ့အတွက်အကောင်းဆုံးအဖော်....
အသင့်ရှိနေတဲ့ စီးကရက်ကို မီးတန်းညှိကာ မက်မက်မောမော တရှိုက်ဖွာလိုက်၏။ ပြီးမှ
"ဦးကြီး သွားအိပ်ချင်အိပ်တော့လေ ကျွန်တော် နောက်ကျဦးမှာ မနက်ဖြန် မီတင်က အရေးကြီးလို့ ပြင်စရာလေးတွေရှိသေးတယ်"
"ကောင်းပါပြီကွယ် ....."
ဦးဘမှန်ကတော့ အရင်ထဲက သူ့ကို အိပ်ချိန်စားချိန် သတိပေးတက်တာ အလုပ်များနေရင် အိပ်ချိန်လဲမေ့ စားချိန်လဲမေ့တက်တာကြောင့်ပင် ။
ဒီလိုချိန်ကြရင် သူ ဦးဘမှန်စကားနားထောင်လိုက်တဲ့အခါလဲ ရှိ သလို မသိကျေးကျွံ ပြုမိတာလဲ ရှိတယ်။ ဒါကို ဦးဘမှန် ကလဲ မငြိုငြင်ခဲ့ပါ....
သူ့တာဝန်အရ သူကတော့ ဂရုစိုက်မြဲ ဂရုစိုက်စဲပင်။
စီးကရက်ကို လက်ကြားညှပ်ထားရင်း လုပ်လက်စ ဖိုင်တွေကို ပြန်စစ်နေတာ ဦးဘမှန် ဘယ်ချိန်က ထွက်သွားလိုက်သလဲပင် မသိလိုက်
လက်စသက်စရာတွေ အားလုံးပြီးသွားတော့ ခုံနောက်ကို မှီထိုင်လိုက်ရင်း ညောင်းညာလာတဲ့ မျက်လုံးတွေကို ခဏမှေးစင်းလိုက် ၍လက်မနဲ့လက်ညှိုးသုံးရင်း ညောင်းညာနေတဲ့ မျက်ရိုးလေးတွေကို အသာဖိနှိပ်ပြီး အကြောဖြေလိုက်သည်။

YOU ARE READING
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Romance🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...