🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း (၁၉) 🌸🌸
"အားး...."
ပခုံးတစ်ဖက်က ရုပ်တရပ်နာကျင်သွားလို့ ငြီးငြူရင်း အိပ်ယာက ထလာမိတယ်။
မျက်လုံးပွင့်လာတဲ့အခါထဲက ဘေးမှာ သူ မရှိတော့ပေ။
မွေ့ရာ ပေါ်ကနေ မဆင်းသေးပဲ တစ်ခန်းလုံးကို ပိုက်စိတ်တိုက် ကြည့်ရင်း သူ့ ကို ရှာနေမိသေးသည်။
မတွေ့တော့မှ ခန္တာကိုယ်တစ်ခုလုံးကို ခြုံထားတဲ့စောင် အဖြူကြီးနဲ့ပဲ လုံခြုံအောင်ပတ်ပြီး ခုတင်ပေါ်က လျောတိုက်ဆင်းကာ ဘေးမှာ အပုံလိုက်ကျနေတဲ့ သူမ ညအိပ်ဝတ်စုံလေးကို လှမ်းကောက်ရင်း ရေချိုးခန်းထဲ အလျှင်မြန်ပြေးကာမှ
ရေချိုးပြီး ထွက်လာတဲ့ သူ နဲ့ တိုက်ရိုက်ကို တိုးတော့သည်။
တစ်ကိုယ်လုံးစောင်အဖြူကြီး လုံးထွေးအောင်ပတ်ထားပြီး လက်တစ်ဖက်က အင်္ကျီကို ကိုင်ထားကာ သူ့ ကိုတွေ့တော့ ပြူးကြောင်ကြောင် ရပ်ကြည့်မိသွား၏။
ခေါင်းပေါ်က ရေစက်တွေကို သပတ်ဖြင့်ခါထုတ်သုတ်ရင်း ထွက်လာကာ အောက်ပိုင်းကို သပတ်ဖြူတစ်ထည်ထဲနဲ့ အပေါ်ပိုင်း ဗလာကျင်း ....။
ဗလာကျင်းနေတဲ့ ခန္တာကိုယ်အပေါ်ပိုင်းမှာလဲ အမြှောင်းလိုက်ကြွက်သားတွေက ထင်းထင်းရှင်းရှင်း ကိုတွေ့နေရတာ ဖြစ်တယ်....။
"ပခုံးက နာနေသေးတာလား"
ပြူးကြောင်ကြောင်နဲ့ သူ့ကို ရပ်ကြည့်နေမိတုန်းပင်။
"ရန်ရန်း ...."
ဟင်!
ထူးလိုက်တာမဟုတ်ပဲ ရုပ်တရပ် အသံထွက်သွားတာဖြစ်၏။
သူ့ရဲ့ ဒီလိုပုံစံ မျိုးကို ခဏခဏ တွေ့နေရတာဖြစ်ပေမယ့်လဲ တွေ့တိုင်းလဲ ငေးမိတုန်း။
သူကတော့အေးအေးဆေးဆေးပင်။"ရေမြန်မြန်ချိုး ပြီးရင် ကိုယ်တို့ ဆေးရုံသွားရမယ်"
"ဆေးရုံ"
"ရန်ရန်း ပခုံးက ဒဏ်ရာ က ကိုယ်ညက ဆရာဝန်ပေးတဲ့ ဆေးတော့လိမ်းပေးထားတယ် အတွင်းဒဏ်ဖြစ်မှာစိုးလို့ ဆေးရုံတော့ သေချာသွားပြရမယ်လေ ပြီးတော့"
![](https://img.wattpad.com/cover/305500125-288-k546562.jpg)
YOU ARE READING
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Romance🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...