episode 13

8.2K 223 0
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၁၃) 🌸

ကားလေးက ကွေ့ဝင်လာတာ အိမ်ကို မဟုတ်ပဲ ဟိုတယ် တစ်ခုဆီကို မလို့ ရန်ရန်း အပြင်ဘက်ကို ငေးကြည့်နေမိသည်။

"အိမ်မပြန်ဘူးလား ကိုကို"

"အင်း မပြန်တော့ဘူးလေ ကိုယ် ဒီည ဒီဟိုတယ်မှာပဲအလုပ်ကိစ္စတစ်ခုရှိလို့"

"အဲ့တာဆိုလဲ ရန်း ပြန်လိုက်မယ်လေ ကိုကို မအားရင်လဲ"

"မပြန်ရပါဘူး..... ကိုယ်ပထမ မင်းကိုလာခေါ်မလို့ အလုပ်ကိစ္စတွေမပျက်သေးတာနဲ့ အခု မင်းဘာသာမင်းရောက်လာတော့ အတော်ဖြစ်သွားတာပေါ့.... ကိုယ်ပြောဖူးတယ်မလား မင်းနဲ့တစ်ညလေးတောင် မခွဲနိုင်ပါဘူးဆိုတာ"

ဟွန့်

ချစ်စရာကောင်းလောက်အောင် မဲ့ ရင်း သူ့ကို မျက်စောင်းလေးထိုးသည်။

ဒါကြောင့် မနေ့ညက တစ်ယောက်ထဲ ပြစ်ထားခဲ့တာပေါ့လို့ မေးလိုက်ချင်ပေမယ့် သူ့ မျက်နှာမြင်လိုက်ရထဲက အဲ့ဒီ‌စိတ်တွေက ပျောက်ရှကုန်ပြီပဲ ဖြစ်သည်။

သူ ရန်ရန်း ကို အခန်းထိလိုက်ပို့ပြီး ပြန်ထွက်သွားပြန်၏။ အဲ့လောက်ကို အလုပ်ရှုပ်တဲ့ သူပါ ....

ညဆယ်နာရီလောက်ကျတော့ သူ ပြန်ရောက်လာသည်။

အခန်းတံခါးဖွင့်သံကြားတာနဲ့ သူမ အိပ်ပျော်လုနီးနီး မျက်လုံးတွေ ဖွင့်ကြည့်ပြီး ချက်ခြင်းအနားရောက်သွားခဲ့၏။

"ကိုကို ရယ် နောက်ကျလိုက်တာ"

"ဆောရီးပါကွာ ....."

တံခါးပြန်ပိတ်ရင်း သူမ ကိုပခုံးလေးဖက်ကာ အထဲဝင်လာခဲ့တော့

အမြဲစီးကရက်နံ့သင်းသင်း ရတက်တဲ့ သူ့ကိုယ်ကနေ အခု အရက်နံ့ပါအနည်းငယ်ပါလာသည်မလို့

"ကိုကို အရက်တွေ သောက်လာတာလား"

"နည်းနည်းပါကွာ ..... အလုပ်ကိစ္စတစ်ခုပြောရင် အသောက်စားကတော့ အနည်းကျင်းပါလာတာပဲ"

သူ့ကို အင်္ကျီကြယ်သီးတွေ ဝိုင်းဖြုတ်ပေးနေသည့်
ရန်ရန်း က နှုတ်ခမ်းလေးမဲ့ရင်း နှာခေါင်းလေးရှုံ့လိုက်တော့

Little butterfly in the devil garden (Uni/Zawgyi ){Complete}Donde viven las historias. Descúbrelo ahora