🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း (၁၄) 🌸
"မင်းတို့ညစ်တာ မင်းတို့က လူလိမ်တွေပဲ"
ကာစီနိုဝိုင်းတစ်ခုကနေ ထွက်လာတဲ့ အသံစူးစူးကြောင့် တစ်ခြားဝိုင်းက သူတွေပါ သူတို့ဝိုင်းဆီအကြည့်တွေ စုပြုံလာလျှက်
"ဒီမှာ ကောင်လေး ငါတို့ ဒီလောင်းကစားရုံကတည်ထောင်ထားတာ ဆယ်စုနှစ်တစ်စုစာရှိပြီ ငါတို့လိမ်တယ်လို့ မင်းကဘာကြည့်ပြောတာလဲ"
နောက်ကစောင့်ကြည့်နေတဲ့ အရပ်မြင့်မြင့် ဗလတောင့်တောင့် လုံခြုံရေးက ဝင်ပြောလိုက်ခြင်းပင်။
ဈာန် က မထိမဲ့မြင် ထိုလူကြီးကို စောင်းငဲ့ကြည့်လိုက်ရင်း ဒိုင်လုပ်နေတဲ့ကောင်လေး ဘက်ကို လက်ညှိုးထိုးကာ"ဒီကောင်ကလိမ်ကျနေတာ ဒီဝိုင်းဆော့နေတဲ့ သူတွေသိတယ် ဟုတ်တယ်မလား"
ဘေးကလူတွေကိုပါအဖော်ခေါ်လိုက်သေးသည်။ရှုံးနေကြတဲ့ လူအချင်းချင်းမလို့ ဘာမသိညာမသိ သူပြောသမျှရမ်းသမ်းပြီး ခေါင်းငြိမ့်ကြကာ
သူတို့ဆော့တာ ပန်းကန်ပြားလေးပေါ်မှာ အရုပ်ကလေးတွေပါတဲ့ ဂျင်လေးကို လှည့်ပြီး အရုပ်ကလေးတွေကို ခန့်မှန်းရတဲ့ လောင်းကစားပင် ကံတရားကို ပုံအပ်ပြီးဆော့ရတဲ့ ကစားနည်းကို ဈာန် က ထပ်ခါထပ်ခါ ရှုံးလာတဲ့အပြင် ပိုက်ဆံတွေပါ အကြွေးတင်နေပြီမလို့ ရှုံးညစ်ထညစ်ခြင်း
လုံခြုံရေးက သူ့ပုံစံကို ပြန်ငဲ့ကြည့်တော့ ကာကီရောင် ရှပ်လက်ရှည်ကို တံတောင်ဆစ်လောက်အထိရောက်အောင် ဖြစ်သလို ခေါက်တင်ထားကာ အနက်ရောင်ဂျင်းပင်န်ထဲ အင်္ကျီကို ထိုးထည့်ဝတ်ထားတာဖြစ်၏။ ဂုတ်မရောက်တရောက်ဆံပင်ရှည်တွေကို သူ့ပုံစံအတိုင်း အပြောင်လှန်သိမ်းပြီးစည်းထားပြီးရင်အုပ်ကျယ်ကျယ် အရပ်ရှည်ရှည် အကြည့်တွေကလဲ ဂျစ်ကန်ကန်ဆန်ကာ စကားပြောနေရင်း လည်ပင်းကြောစိမ်းရွှင်ရွှင်တွေကလဲ ထောင်ထနေသေး၏။ အလွယ်တကူပြောလို့မရတဲ့ အကြောမှန်း မြင်တာနဲ့ တန်းသိသည်။
"ဟေ့ မင်းတို့ ရှုံးရင်ပြန်တော့ ဒီနေရာကနေ ဘာပိုက်ဆံမှ ပြန်ရဖို့မစဉ်းစားနဲ့ ဆပ်စရာရှိတဲ့ငွေဆပ်ပြီး ဒီကနေသွားလိုက်"
![](https://img.wattpad.com/cover/305500125-288-k546562.jpg)
ESTÁS LEYENDO
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Romance🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...