episode 11

8.9K 249 0
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၁၁) 🌸

"ရပ်လိုက်စမ်း"

အင်တိုက်အားတိုက်လွှဲမြှောက်လိုက်သည့် လက်ကို မြင်တာနဲ့ သူ့ အသံ ခပ်ပြင်းပြင်း ထွက်လာသည်။

ဘယ်အချိန်ထဲက ရောက်နေမှန်း မသိတဲ့ သူ့ ကို စံ ငေးခနဲကြည့်ရင်း

လွှဲလိုက်တဲ့ လက်က လေထဲမှာ ရပ်တန့်သွား၏။ထိုအချိန်လေးမှာပဲ

ဖြန်း!

ပါးပြင်တစ်ဖက်ကို မီးစနဲ့ထိုးလိုက်သလို နာကျင်ကျိမ်းစက်သွားတဲ့ စံ

"နင် .... နင် ...."

ကင်း ရဲ့ခြေလှမ်းတွေဟာလဲ အခန်းဝမှာပဲ တုံ့ခနဲ ရပ်တန့်သွားသည်။ မထင်မှတ်ထားတဲ့အခြေနေကြောင့် သူ လဲ အံ့ဩသွားတာအမှန်....

စံ မျက်နှာတစ်ခုလုံးနီရဲနေတာ အဝတ်နီတစ်စလို
ရန်ရန်း မျက်နှာလေးကလဲ တင်းမာနေလျှက်

"ရန်း ကို အရင်လို အနိုင်ကျင့်လို မရတော့ဘူး မမစံ
ဒီတစ်ချက်က မမစံ ကြောင့် ကျဆင်းသွားတဲ့ ရန်း သိက္ခာတရား အတွက်"

ကင်း က မျက်ခုံးတစ်ဖက်ပင့် ရင်း သူ့ မဟေသီလေးကို ကျေနပ်သလိုအပြုံးလေးနဲ့ ထိုနေရာကနေပဲ ကြည့်နေလိုက်သည်။

"နင် ကများ...."

ထိခိုက်သွားတဲ့ မာန နဲ့အတူ ကင်း ရှေ့မှာ အရိုက်ခံလိုက်ရတော့ ထူပူသွားကာ ရန်ရန်း ကိုပြန်ရိုက်ဖို့လက်ရွယ်လိုက်ပေမယ့် ထိုလက်ကို ရန်ရန်း ကပဲ ပြန်ဆွဲဖမ်းထားလိုက်တာ

"ရန်း အပေါ် စော်ကားတာ ဒါ နောက်ဆုံးအကြိမ်ဖြစ်ပါစေ ...."

"နင် ..... နင်..... "

စံ လက်ကို ပြန်လွှတ်ပေးကာ သူမ ကိုနာနာကျည်းကျည်းကြည့်နေတဲ့ မမစံ ရဲ့ မျက်နှာကို စိုက်ကြည့်ရင်း အန်တစ်ချက်ကြိတ်ကာ သူမ ကျောခိုင်းလိုက်တော့၏။ ထိုနေရာကနေ လှည့်ထွက်လာခဲ့သည်။ အနောက်ကို တစ်စက်မှမကြည့်တော့ သူ့ဘာသာ ဘယ်လိုဖြစ်ကျန်ခဲ့ ကျန်ခဲ့

သူမ ဟာ အရင်က မမစံ ရဲ့ နိုင်စားခြင်းကို တစ်သတ်လုံးခံသွားမယ်လို့ ဆုံးဖြတ်ထားသည့် သူပါ

Little butterfly in the devil garden (Uni/Zawgyi ){Complete}Hikayelerin yaşadığı yer. Şimdi keşfedin