episode 1

27.2K 406 2
                                    

🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း ၁ 🌼

အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲကနေ ထွက်လာတဲ့ အနက်ရောင်ကားသုံးစီး
ဖြောင့်ဖြူးနေတဲ့ လမ်းမကြီးပေါ်ကနေ စီတန်းကာမောင်းနှင်နေသည်။
လေပြင်းများ တသုန်သုန်တိုက်ခတ်လာသည်နှင့် အမျှ ညို့မှိုင်းနေတဲ့ကောင်းကင်ယံမှာလဲ မိုးအမှုန်အမွှားလေးများက ကျဆင်းနေလေပြီ။ မကြာခင် မိုးသည်းထည်စွာရွာသွန်းတော့မည်။

ထိုစဉ် အလယ်ကားတစ်စီးမှ

"အချိန်ခါမဟုတ် မိုး‌ရွာနေပါလား"

ကားနောက်ခန်းထဲမှာ လိုက်ပါလာတဲ့ သူ နှုတ်ကပြောလိုက်တဲ့ စကားကြောင့် ဒရိုင်ဘာဘေးခုံမှ ထိုင်နေတဲ့ မင်းလွင် အနောက်ဘက်သို့လှည့်ကာ

"ဟုတ်တယ် သူဌေး မြန်မာ ပြည်ရာသီဥတုက အရင်လိုမမှန်တော့ဘူး ဆောင်းတွင်းလဲ မိုးရွာချင်ရွာနေတာပဲ နွေရာသီလဲ မိုးရွာချင်ရွာနေတာပဲ"

ကားလက်တန်းကိုမေးထောက်ပြီး အပြင်ကို ငေး နေတဲ့ သူကြောင့် မင်းလွင် ဘာစကားမှ ဆက်မပြောပဲ ပုံမှန်တိုင်းပြန်လှည့်နေလိုက်၏။

သူက စကားအပို ပြောတာမကြိုက်ဘူး မလား....

မင်းလွင် သာမက အရှေ့ကားကော အနောက်ကားကောမှာပါ ပါလာတဲ့ လူတိုင်း အသည်းခိုက်မတက် ကြောက်ရတဲ့ သူ ဆိုတာကတော့

မြန်မာပြည်တွင်သာမက ပြည်ပမှာပါ အောင်မြင်နေတဲ့ International Moon Sun (IMS) ဆိုတဲ့ ခရီသွား ကုမ္ဗဏီကြီးရဲ့ CEO စစ်ရိပ်ကင်း ဆိုသူပင်

တည်ကြည်လွန်းတဲ့ မျက်နှာ အေးစက်လွန်းတဲ့ မျက်လုံးတစ်စုံ ခက်ထန်လွန်းတဲ့ မျက်ခုံးထူထူ မကျယ်လွန်းမကျဉ်းလွန်းတဲ့ နှဖူးပြေပြေ အပြင် အနောက်တိုင်းဆန်ဆန် နှာခေါင်းချွန်ချွန်လေး ယောက်ျားလေးတစ‌်ယောက်ပေမယ့် အမြဲ ခပ်ရဲရဲ ရှိနေတက်တဲ့ နှုတ်ခမ်းပါးလေး တို့က သူ့မျက်နှာပြင်တစ်ခုလုံးမှာ အချိုးကျကျ နဲ့တည်ရှိနေတက်၏။ ဂုတ်မထောက်တစ်ထောက်ဆံပင်တွေကို အမြဲတမ်းလှန်သိမ်း ဖီးသင်ထားကာ အေးစက်တည်ကြည်တဲ့ သူ့မျက်နှာနဲ့ ပေါင်းစပ်လိုက်တော့ သူ့ပုံစံက ဝိညဉ်နှုတ်မယ့်စေတန် တစ်ကောင်သဖွယ်

Little butterfly in the devil garden (Uni/Zawgyi ){Complete}Hikayelerin yaşadığı yer. Şimdi keşfedin