🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း (၂၅) ဇာတ်သိမ်း
မျက်လုံးတွေပွင့်ရင်း သတိရလာတော့ သူမ ခုတင်ဘေးမှာ ထိုင်၍ ငုံ့မိုးထားတဲ့ သူ့မျက်နှာ နဲ့ အတူ တိုးဝင်လာတဲ့ စီးကရက်အနံ့ကြောင့် သူမ နှာခေါင်းလေးရှုံ့ရင်း တစ်ဖက်စောင်းလိုက်တော့ လည်ပင်း က ဒဏ်ရာက နာကျင်သွားသည်။
"အာ့...."
"အရမ်း နာနေသေးလား ကိုယ့်ကို ပြဦး"
သူမ လည်ပင်းဆီ သူ့ လက်လှမ်းလာလျှင်ပဲ ...
ရန်ရန်း သူ့ စကားကို အဖက်မလုပ်တဲအပြင် ခန္တာကိုယ်ပါ သူနဲ့ မျက်နှာချင်းမဆိုင်အောင် လှည့်လိုက်၏။"ဟာ.... ဟိတ်"
ရန်ရန်း က နည်းနည်းလေးမှ မလှုပ် ခုတင်ပေါ်မှာ တစောင်း အနေထားလေးနဲ့ လက်တစ်ဖက် ရင်ညွှန့်ထိဖုံးထားတဲ့ စောင်လေးပေါ်မှာ တစ်ဖက်က ဒီတိုင်း ဆန့်ထားလျှက်ရှိ၏။
သူမ စိတ်ဆိုးတော့မည် ဆိုတာ ကင်း သိသည်။ ဒါပေမယ့် ချက်ခြင်း သူမ နောက်ပြေးမလိုက်သွားနိုင်သည့်အကြောင်းရာတွေ အများကြီး ရှိနေတာ ဘယ်လို ရှင်းပြရပါ့မလဲ....။
အခုလို အခြေနေကြီးမှာ သူမ ကြီးကြီးနဲ့ အမအကြောင်းပြောပြလိုက်ရင် အဆင်ပြေနိုင်မှာမဟုတ်...ဒါပေမယ့် ပြောဖို့ဖန်လာရင်လဲ သူ ပြောပြရမှာပဲ.....။
"မင်း စိတ်ဆိုးနေတာ ကိုယ် သိတယ် ဒါပေမယ့် မင်းထင်သလိုမျိုး ကိုယ် လုပ်ခဲ့တာ မဟုတ်ဘူး ယုံပါ ရန်ရန်း ရယ် ကိုယ့် ကို ကြည့်ပါဦး"
အရင်က စိတ်မျိုးနဲ့သာဆို အတင်းဆွဲလှည့်ဆွဲချုပ်ပြီး ဆုတ်ကိုင် ကာ မရမက သူမ မျက်နှာလေးကို ကြည့်ရင်း ဖြေရှင်းချက်မပါတဲ့ အနိုင်လိုမှုတွေနဲ့ ပြောနေမိဦးမှာ ....။
အခု စိတ်တွေက အဲ့လောက် မတင်းမာနိုင်တော့ အဲ့လိုဖြစ်လာအောင် သူမ ပဲ ပြောင်းလဲခဲ့တာ...။ဒါပေမယ့် ကင်း ရှင်းပြနေသည့် စကားတွေကို နားထောင်ရင်း မွေ့ရာခင်းပေါ်ဆန့်ချထားသည့်လက်က လက်သီးဆုတ်လေးဖြစ်သွားခဲ့သည်။ ကင်း လဲ မြင်၏။
![](https://img.wattpad.com/cover/305500125-288-k546562.jpg)
YOU ARE READING
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Romance🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...