🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း (၂၂) 🌸🌸
စောစောပြန်လာမယ်လို့ ပြောခဲ့ပေမယ့်လဲ သူ့ရဲ့အိမ်ပြန်ချိန်မှာ ည ဆယ်နာရီပင်ကျော်လုနီးနေ၏။
တစ်ယောက်ထဲ သွားလာနေကြမဟုတ်ပေမယ့်လဲ ကိုယ့်အိမ်ကိုယ်ပြန်တာမလို့ မင်းလွင် ကိုတောင် သူ မခေါ်ခဲ့ပါ။
ပြန်လာတဲ့ တစ်လျှောက် လမ်းမကြီးမှာ လမ်းမီးတိုင်တွေ မပြတ်ရှိနေပေမယ့် တက္ကသိုလ် ရိပ်သာလမ်းဘက်ရောက်မှ ကားက ထိုးရပ်သွားသည်။
ဟာ....ကျွတ်!
ကမန်းကတန်း ပြန်လာခဲ့တာ ကား ဆီကုန်နေတာကို သတိမထားမိလိုက်....။
ဒါတွေက ပုံမှန်ဆို မင်းလွင် စစ်ဆေးနေကြတွေ ဒီနေ့ကြမှ မင်းလွင်လဲ အလုပ်နဲ့ လက်နဲ့ မပြတ်တဲ့အပြင် သူ့အစားဝင်နေရတဲ့ မီတင်တွေကြောင့် ဒီကိစ္စ ကိုမေ့လျော့ခဲ့ဟန်ရှိကာ.....
သူ မင်းလွင် ဆီ တစ်ချက်ဖုန်းအရင်ခေါ်သည်။
"ဟဲလို မင်းလွင်"
"ဟုတ်ကဲ့ ပြောပါ သူဌေး"
"ငါ့ကား ဆီပြတ်သွားတယ် အခု တက္ကသိုလ်ရိပ်သာလမ်းမှာ"
"ဗျာ.....ကားဆီပြတ်သွားတာလားသူဌေး"
"ကျွတ်!"
"အခု အခုပဲ လာခဲ့ပါမယ် သူဌေး"
သူ့ ဆီက စိတ်ပျက်တဲ့အသံကြားတော့ မင်းလွင် ဖုန်းထဲမှာတင် ပြာယာခက်နေပြီဖြစ်၏။
ဖုန်းချပြီး ကားထဲမှာ ကူရှင်ကို မှီကာ သူ စောင့်နေလိုက်တယ်။
ထိုစဉ် ကားရှေ့မှာ မသင်္ကာဖွယ် လူရိပ်တစ်ချို့ကို တွေ့လိုက်ရသည်။
သူ့ကားက လမ်းဘေးမှာရပ်နေတာဖြစ်လို့ ဘေးက ပလက်ဖောင်းကျဉ်းကျဉ်းလေးပေါ်ကအရိပ်တွေက အထင်းသားပင်။
"မအော်နဲ့နော် သတ်ပစ်လိုက်မယ် ဘာမှတ်နေလဲ"
"ဟင့်အင်း လွှတ်ပေးပါရှင်"
ကားမှန်အနည်းငယ်ချထားတာမလို့ အပြင်က အသံက လေသံသဲ့သဲ့လေးကြာလိုက်တာနဲ့တင် ပုံမှန်မဟုတ်မှန်းသိလိုက်ရသည်။
VOUS LISEZ
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Roman d'amour🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...