🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း။ (၅)🌸
ဧည့်ခံပွဲပြီးသွားတော့
ဒေါ်မြင့်မိုရ်စံ သူ့ စာကြည့်ခန်းဆီ လျှောက်လာလိုက်သည်။ သူ ခေါ်ထားလို့လဲပါ၏။
ဧည့်ခံပွဲကိစ္စ ပြီးသွားပြီဆိုတော့ သူမ စီစဉ်တာ တစ်ဝက်ပြီးမြောက်ခဲ့ပြီ ဒါပေမယ့် ခုထိ စံ ကို ရှာမတွေ့သေး .... ဒါကြောင့် ရန်ရန်း ကို ပြန်ခေါ်သွားဖို့ သူမ တစ်မျိုးတစ်မည် ပြန်စဉ်းစားရပြန်တယ်။
"ထိုင် အန်တီ"
"အေးကွယ် .... "
သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ ပြီးတော့ အိန္ဒြေမပျက်
"အန်တီ မင်းကို ပြောစရာရှိလို့ မောင်စစ်ရိပ်ကင်း ...."
"အင်း ပြောလေ"
"ဒါပေမယ့် မင်းအရင်ပြောပါ ...."
"အန်တီ့ ပုံစံ ကြည့်ရတာ အရေးကြီးကိစ္စပြောမလို့ထင်တယ် အန်တီပဲအရင်ပြောပါ"
"ကောင်းပြီကွယ် .... ဒါဆို အန်တီပြောမယ်နော်"
"အွန်း"
ဒေါ်မြင့်မိုရ်စံ ခါးကို မတ်မတ်ပြင်ထိုင်လိုက်ပြီး
"စံ ကို တစ်ရက်နှစ်ရက်လောက်ပြန်ခေါ်သွားချင်လို့ပါကွယ်.... ဟို သမီးလေးက နေသားမကျသေးဘူးပြောလို့...."
သူမ အကြောင်းတွေမသိဘူးထင်ပြီး ပြောင်လိမ်ပြောင်စားလုပ်နေတဲ့ ဒေါ်မြင့်မိုရ်စံ ရဲ့ မျက်နှာမှာ ယုံကြည်မှုတို့ကအပြည့် သူ ပြောသမျှ ကင်း က ယုံလိမ့်မည်ဟု တစ်ထစ်ချကို ယုံကြည်ထားခြင်းပင်....
ဒါပေမယ့် အကုန်သိနေတဲ့ ကင်း က ခပ်မဲ့မဲ့ ပြုံးရင်း
"ကျွန်တော် သဘောမတူဘူးဆိုရင်ကော အန်တီ"
ဒီစကားမျိုးကို ဒေါ်မြင့်မိုရ်စံ မှန်းဆထားတာမဟုတ်လို့ စကားအနည်းငယ်ပင် ထစ်ငေါ့သွား၏။
ကိုယ်နေဟန်ထားကို ပြန်ပြင်ထိုင်းရင်း တပ်ထားတဲ့ ပါဝါမျက်မှန်ကို အသာပင့်ကာ"ဟို နှစ်ရက်သုံးရင်လောက်ပါပဲ မောင်စစ်ရိပ်ကင်း ရယ်"
"ဒေါ်မြင့်မိုရ်စံ ဒေါ်မြင့်မိုရ်စံ ခင်ဗျားဘယ်ချိန်ထိ ကျုပ် ကို ဖုံးကွယ်ထားမလို့လဲ"
STAI LEGGENDO
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Storie d'amore🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...