🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း (၂၀)🌸🌸
ကားပေါ်တီကို အောက်ကို ထိုးရပ်လိုက်တာနဲ့ ဈာန် က အိမ်ထဲတန်းဝင်တော့ လှေကားကနေ ဆင်းလာတဲ့ ကင်း နဲ့ တန်းတွေ့၏။
သူ့ကို တွေ့တော့ ကင်း က မျက်မှောင်ကုပ်ကြည့်ရင်း .....။
"မင်း ကိစ္စရှိလို့လား"
ဈာန် က မကျေနပ်သလိုကြည့်ပြီး မျက်နှာမှာ ဆွေးရိပ်သန်းလျှက် မချတရိ အန်ကြိတ်တာလဲ ရှိကာ....။
ကင်း က ဆင်းလာပြီး ဧည့်ခန်းဘက်ကို လျှောက်တော့ သူပါ နောက်ကနေ လိုက်လာသည်။
ပြီးတော့ မျက်နှာချင်း ဆိုင်မှာ ထိုင်လိုက်ရင်း....။"မရီး အကြောင်းကို မင်းလွင် ပြောလို့ သိပြီးပြီ အဲ့အတွက် ဂုဏ်ပြုတာ အစ်ကို"
"ကျေးဇူးပဲ"
သူ့စကားတွေက ခက်ပြတ်ပြတ် ....။ ဒါကိုပဲ ဈာန် မကျေနပ်တာ ....
"ကျွန်တော် ပြောစရာရှိတယ် အစ်ကို"
ပြောဆိုသည့်သဘောနဲ့ သူ မျက်ခုံးပင့်ပြတော့....
"အရင်ဆုံး မရီး မှာကိုယ်ဝန်ရှိလာတာကို ဂုဏ်ပြုပါတယ်"
ပြောပြီး သူ ဘယ်လို မျက်နှာဖြစ်သွားမလဲဆိုတာကို လှမ်းကြည့်လိုက်သေး၏။ ပြီးမှဆက်ကာ
"ကျွန်တော် ဒီနေ့လာတာ အစ်ကိုနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဖြေရှင်းရမယ့်အရာရှိတယ်"
ကင်း ကအမူရာမပျက်ကြည့်နေမြဲပင်....။
"ကျွန်တော် နဲ့ မရီး ကို အစ်ကို တစ်ခုခုများထင်နေတာလား"
ထိုစကားကြောင့် ဧည့်ခန်း ထဲသို့ ဝင်ခါနီး ရန်ရန်းခြေလှမ်းတွေ တုံ့ခနဲရပ်တန့်သွားတယ်....။
ဈာန် ပြောသလို တကယ်ပဲ သူ ထင်နေတာလား ဆိုတာကို သိချင်သွား၏။
ကင်း က ဒီတိုင်းထိုင်နေရာကနေ ခြေတစ်ဖက်ချိတ်ထိုင်လိုက်ပြီးမှ.....။
"ငါ ဖြေဖို့ လိုသေးလား"
"လိုတယ် ကျွန်တော် ဒီကိုလာတာ ဒီနေ့ ကျွန်တော်နဲ့အစ်ကို အဲ့ ကိစ္စကိုပြီးပြတ်အောင် ရှင်းရမယ် တကယ်လို့ အစ်ကို ကသာ ထင်နေခဲ့မယ် ဆိုရင်..."
![](https://img.wattpad.com/cover/305500125-288-k546562.jpg)
YOU ARE READING
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Romance🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...