episode 2

10.6K 296 2
                                    

🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း။ (၂) 🌼

ဒေါ်မြင့်မိုရ်စံ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့အလုပ်ရှုပ်နေသည်။

မီးဖိုခန်းထဲလဲ ဝင်ပြီး အစေခံတွေကို စိတ်တိုင်းမကျရင် အော်လိုက်ဟစ်လိုက်ကလဲ လုပ်သေး၏။

ရန်ရန်း ကတော့ ဘေစင်မှာ မနုဝါ ထုတ်လာတဲ့ အဖြူရောင်ကြွေပန်းကန်ချပ်တွေကို သေချာဆေးကျောနေပြီး သူမ အနား ကို ဒေါ်မြင့်မိုရ်စံ ရောက်လာ၍

"မိစံရန်း ...."

"ရှင် ကြီးကြီး "

"ညည်း ဒီမှာ အလုပ်ရှုပ်မနေနဲ့တော့ ညည်း အမ ဆီကိုသွားပြီး သူလိုအပ်တာ လုပ်ပေးဖို့ အနားမှာ အဆင်သင့် သွားစောင့်နေလိုက် ......"

"ဟုတ်ကဲ့ ကြီးကြီး ရန်း ဒါလေး လက်စသတ်ပြီး"

"ညည်း ကို အခုသွားလို့ပြောနေတာ"

ဒေါ်မြင့်မိုရ်စံ ခါးထောက်ပြီး အော်ထုတ်လိုက်တော့ ရန်ရန်း အလျှင်မြန်ပင် ရှေ့က ပြေးထွက်လာရသည်။

တောင်းရမ်းမင်္ဂလာပွဲဆိုတာ မနုဝါ ပြောလို့ ရန်ရန်း သိပြီးပြီ ဒါပေမယ့် ဘယ်လို လူမျိုးနဲ့မလို့ တစ်အိမ်လုံးကအစေခံတွေ အလုပ်နဲ့ လက်နဲ့မပြတ်အောင် လုပ်နေကြရတာလဲ

မီးဖိုခန်းထဲမှာလဲ ဟိုတယ်က စားဖိုမှူးတွေ ကိုယ်တိုင်လာရောက်ချက်‌ပြုတ်နေလေရာ....

ဟင်းပွဲတွေဆိုတာလဲ အမျိုးအမည်မရေတွက်နိုင်အောင်စုံစိလို့

ရန်ရန်း လှေကားကနေ အပြေးလေးတက်လာရင်း မမစံ အခန်းထဲသို့ ဦးတည်လိုက်၏။

"မမစံ မမစံ ရန်း ဝင်ခဲ့မယ်နော်"

"ဝင်လာ ဝင်လာ"

မှန်တင်ခုံရှေ့မှာ ပြင်ဆင်ခြယ်သနေတဲ့ ပင်မြင့်စံ အနက်ရောင်ပိုးချိတ်လေးပေါ် တစ်လက်လက်တောက်ပနေတဲ့ စီးကွင့်လေးတွေက သူ့‌ေနရာနဲ့သူ ဟန်ချက်ညီညီထိုးချုပ်ထားလို့ တစ်လက်လက်နဲ့ပေါ်လွင်နေပြီး အဆီပိုမရှိတဲ့ ခန္တာကိုယ် ကောက်ကြောင်းလေးပေါ်မှာ ချပ်ကပ်စွာတည်ရှိနေကာ
ပခုံးအောက်သာသာဆံနွယ်လေးတွေကို ဆံထိုး လှလှလေးနဲ့သေချာထုံးဖွဲ့၍ထားသည်။

Little butterfly in the devil garden (Uni/Zawgyi ){Complete}Onde histórias criam vida. Descubra agora